6 d - Translate

ဘောက်ဆင်မှာ ဘောင်းဘီအရောင်တူ ဝတ်ခွင့်ရှိလား
အားကစားသမားတွေက အရောင်အသွေးကို အစွဲအလန်းရှိကြတယ်။ Muhammad Ali ဆိုရင် အများအားဖြင့် ဘောင်းဘီဖြူပဲ ဝတ်လေ့ရှိတယ်။ Ricky Hatton လည်း မိုးပြာရောင်ပါတဲ့ ဘောင်းဘီပဲ သုံးပါတယ်။ သံမဏိမိုက် Mike Tyson ကတော့ ဘောင်းဘီနက်ပဲ သဘောကျတယ်။ ထပ်မေးစရာရှိတာက ပွဲထိုးရင် ဘောင်းဘီအရောင်တူ ဝတ်ဆင်ခွင့်ရှိလားဆိုတာပါပဲ။
ဘောက်ဆင်စည်းမျဉ်းထဲမှာ ကစားသမားတွေက ဘောင်းဘီအရောင်တူ ဝတ်ခွင့်မရှိဘူးလို့ တားမြစ်မထားဘူး။ ဒါပေမယ့် ဝိတ်ချိန်တဲ့နေ့မှာ အားကစားကော်မရှင်က ခွင့်ပြုပေးတဲ့ အသုံးအဆောင်တွေကိုပဲ ဝတ်ဆင်ရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါကလည်း အားကစားကော်မရှင် ခွင့်မပြုရင် ဝတ်ခွင့်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
၁၉၈၆ ခုနှစ်မှာ Mike Tyson ဟာ Trevor Berbick ကို စိန်ခေါ်လိုက်တယ်။ Trevor Berbick က WBC Heavyweight Champion ဖြစ်ပါတယ်။ ထူးခြားတာက ကစားသမားတွေဟာ ဘောင်းဘီအရောင်တူ ဖြစ်နေတာပဲ။ နီဗားဒါးပြည်နယ် အားကစားကော်မရှင်က ချန်ပီယံကိုပဲ ဦးစားပေးပါတယ်။ ဒါက ထုံးစံပါပဲ။ ဒါဆိုရင် စိန်ခေါ်သူ Mike Tyson ဟာ ဘောင်းဘီအရောင် ပြောင်းဝတ်ရပါမယ်။ ဘောင်းဘီနက် ဝတ်ခွင့်မရှိတော့ပါဘူး။
Mike Tyson ကလည်း ခေါင်းမာတယ်။ ပွဲနေ့မှာ ဘောင်းဘီနက်ဝတ်ပြီး တက်ထိုးတာပဲ။ လက်အိတ်က အနီရောင်ဆိုတော့ ဆင်တူဖြစ်ကုန်တယ်။ ဖိနပ်ကလည်း အရောင်တူပါ။ ခြေအိတ်ရှည် ဝတ်မထားလို့ တော်သေး။ ဒါပေမယ့် အကုန်လုံးက ခပ်ဆင်ဆင်ဖြစ်သွားတယ်။ ခြေအိတ်နဲ့ အရပ်အမြင့်ပဲ ကွဲတာပါ။ Mike Tyson က Trevor Berbick ကို ဒုတိယအချီမှာ အလဲထိုးပြီး WBC Heavyweight Champion ဖြစ်လာပါတယ်။ အသက်ငယ်ဆုံးကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ပွဲအပြည့်အစုံကို စိတ်ဝင်စားရင် ဒီမှာ bit.ly/2Hl3MDP ကြည့်ပါ။
နီဗားဒါးပြည်နယ် အားကစားကော်မရှင်က Mike Tyson ကို ဒေါ်လာ (၅) ထောင် ဒဏ်ရိုက်လိုက်ပါတယ်။ ထိုးကြေးက ဒေါ်လာ (၁.၅) သန်းရထားတာဆိုတော့ အေးဆေးပါပဲ။ ဘာဖြစ်လို့ တားမြစ်သလဲဆိုရင် ရုပ်သံစီစဉ်တင်ဆက်သူတွေ အခက်တွေ့မှာ စိုးလို့ပါ။ "ဘောင်းဘီနက်ကို ဝတ်ဆင်ထားသူက Trevor Berbick ဖြစ်ပါတယ် . . . ဘောင်းဘီပြာကို ဝတ်ဆင်ထားသူက Mike Tyson ပါခင်ဗျာ" လို့ ကြေညာရမှာလေ။ ဘောင်းဘီအရောင်တူနေတော့ ရုပ်ရည်အသွင်အပြင်နဲ့ ကြေညာလိုက်ရင် Body Shaming ဖြစ်သွားလိမ့်မယ်။ အဓိပ္ပာယ်လည်း မရှိတော့ဘူး။ ပြီးတော့ ပရိသတ်တွေလည်း မျက်စိရှုပ်ကုန်မှာလေ။ နောက်ပိုင်းမှာ ဘောင်းဘီဒီဇိုင်းဆန်းတွေ တီထွင်ဖန်တီးလာပြီဆိုတော့ ဆင်တူမဖြစ်တော့ပါဘူး။ ဘောင်းဘီအရောင်တူမယ်ဆိုရင်တောင် ဒီဇိုင်းတူမှာ မဟုတ်ဘူးလေ။ Mike Tyson လို ဒဏ်ရိုက်ခံစရာအကြောင်း မရှိတော့ဘူး

image