1 w - Translate

#နည်းပညာသတင်း
◼ T. coronae Borealis ကြယ်စနစ် ယနေ့မှစ၍ အချိန်မရွေး ပေါက်ကွဲနိုင်
T. coronae Borealis လို့ခေါ်တဲ့ကြယ်စနစ်တစ်ခုဟာ ဒီနေ့ဒီညကစပြီး နောင်လာမယ့် ရက်တွေထဲမှာ ကြယ်သစ် တစ်စင်းအဖြစ် ကောင်းကင်ယံမှာ ပေါ် ပေါ်ထွက် လာမှာ ဖြစ်ပါတယ်။
ကမ္ဘာမြေနဲ့ အလင်းနှစ် ၃ဝဝဝ အကွာမှာတည်ရှိတဲ့ အဲဒီကြယ်စနစ်ဟာ ရက်ပိုင်းလပိုင်းထဲမှာပဲ ကြယ်ပေါက်ကွဲမှုဖြစ်ပွားတော့မှာပဲဖြစ်ပါတယ်။
T. coronae Borealis ကြယ်စနစ်ကိုသာမန်အချိန်မှာ မြင်ဖို့မလွယ်ပေမယ့် ကြယ်ပေါက်ကွဲမှုဖြစ်ပွားချိန်မှာတော့ ကမ္ဘာပေါ်ကနေ သာမန်မျက်စိနဲ့ သီတင်းတစ်ပတ်ကြာလောက် တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။
ကြယ်ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ T. coronae Borealis ကြယ်ကို ဓူဝံကြယ်လောက် တောက်ပစွာတွေ့မြင်နိုင်မှာပါလို့ အမေရိကန် သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ T. coronae Borealis ကြယ်စနစ် ပေါက်ကွဲမှုကို သာမန်မျက်စိနဲ့တွေ့မြင်နိုင်မယ့် အခွင့်အရေးဟာ လူသားတွေအတွက် တစ်သက်မှာတစ်ခါပဲ ရနိုင်မယ့် အခွင့်အရေးပါ။
ဘာဖြစ်လို့လဲဆိုတော့ T. coronae Borealis ကြယ်စနစ်ဟာ နှစ်ပေါင်း ၈ဝ လောက်မှသာ တစ်ကြိမ်ပေါက်ကွဲတတ်လို့ပဲဖြစ်ပါတယ်။

image