နန်းကျဘုရင် Alexander Volkanovski
Alexander Volkanovski က ဖယ်သာဝိတ်တန်းမှာ (၁,၅၂၆) ရက်ကြာ ချန်ပီယံဖြစ်ဖူးတယ်တဲ့။ မြင်လွယ်အောင်ပြောရရင် ဖယ်သာဝိတ်ချန်ပီယံဘဝက (၄) နှစ် (၂) လ (၆) ရက် ကြာလိုက်တယ်။ ဖယ်သာဝိတ်ဖိုက်တာတွေကိုလည်း ရှင်းထုတ်ထားတယ်။ နောက်ဆုံးပွဲကျမှသာ တစ်ချက်ကောင်းထိပြီး အလဲထိုးခံရတာပါ။
အရင်တုန်းက Alexander Volkanovski ဟာ ဘိုကေထားတယ်။ ဘိုကေဆိုပေမယ့် ဆံပင်က စတိလောက်ပဲပါတယ်။ ချန်ပီယံဖြစ်တဲ့အထိကို ဘိုကေထားတုန်းပဲ။ နောက်ပိုင်းကျမှသာ ကတုံးတုံးတာပါ။ ဆံပင်မကောင်းရင် ကတုံးတုံးတာက ပိုကြည့်ကောင်းပါတယ်။ Dana White တို့ Joe Rogan တို့လည်း ဆံပင်သိပ်မကောင်းတာမို့ ကတုံးတုံးလိုက်တာပဲလေ။
Volkanovski နဲ့ Ortega တွဲဆိုင်းကို အခုထိလည်း သတိရမိသေးတယ်။ တတိယအချီလောက်မှာ Brian Ortega က ချုပ်ထားလိုက်တာ အကြာကြီးပဲ။ အောင်းမလေး ဒီတစ်ခါတော့ Alexander Volkanovski လည်း မျိုးတုံးပြီထင်တယ်လို့ ထင်မိတယ်။ ဘယ်ဟုတ်မလဲ။ Brian Ortega ရဲ့ ချုပ်ကွက်ကို ပြန်ရုန်းနိုင်ခဲ့တယ်။ Alexander Volkanovski က ချန်ပီယံစိတ်ဓာတ်ကို ပြသွားတာပါ။ စိတ်ဓာတ်ကိုတော့ ဆလံသမိပါရဲ့။ စိတ်ဝင်စားရင် ဒီမှာ bit.ly/42p8HZQ ကြည့်ပါ။
Volkanovski နဲ့ Makhachev တွဲဆိုင်းကို အကြိုက်ဆုံးပါ။ ပထမပွဲကို ပြောတာပါ။ Alexander Volkanovski က လိုက်ဝိတ်တန်းမှာ တက်ကစားရပေမယ့် ပြင်ဆင်မှုအားကောင်းတယ်။ Islam Makhachev ကို အသာစီးထိုးနိုင်တယ်။ ထိချက်အသာထိုးနိုင်တာပါ။ ဒါပေမယ့် Takedown နဲ့ Control Time တွေကြောင့် လိုက်ဝိတ်ချန်ပီယံမဖြစ်လိုက်ဘူး။ အမှတ်ပြတ်ရှုံးပေမယ့် Alexander Volkanovski က စွမ်းဆောင်ရည်ကောင်းပါတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4jqFDYZ ကြည့်ပါ။
အခုတက်လာတဲ့ Diego Lopes ဆိုတာက UFC အဖွဲ့အစည်းကိုရောက်တာ (၂) နှစ်မပြည့်သေးပါဘူး။ ပွဲဦးထွက်မှာ Diego Lopes က Movsar Evloev ကို အမှတ်ပြတ်ရှုံးပါတယ်။ အဲဒီနောက်မှာ နိုင်ပွဲဆက်ပြီး အဆင့် (၁၂) ကို ရောက်လာတယ်။ အဲဒီအချိန်မှာ Brian Ortega က အဆင့် (၃) ဖြစ်ပါတယ်။ Ranking ကွာပေမယ့် တည်ပေးလိုက်တယ်။ Dana White က Diego Lopes ကို Role တင်ချင်တာပါ။
ဖြစ်ချင်တော့ Diego Lopes က Brian Ortega ကို အမှတ်ပြတ်နိုင်သွားပါတယ်။ အဲဒီပွဲမှာ စွမ်းဆောင်ရည်က တော်တော်ကောင်းပါတယ်။ အဆင့် (၁၂) သမား Diego Lopes က Brian Ortega ကိုနိုင်ပြီး အဆင့် (၃) ဖြစ်လာတယ်။ အရှင်မွေး နေ့ချင်းကြီးဆိုသလို နတ်ရေကန်ထဲ ပစ်ချလိုက်သလို ချန်ပီယံလုခွင့်ရသွားတာပါ။ Movsar Evloev လေးတောင် ငြိမ်နေရတယ်။
Alexander Volkanovski က နန်းကျဘုရင်ဆိုပေမယ့် အများကြီးကျန်ပါသေးတယ်။ နောက်ဆုံးပွဲမှာ အလဲထိုးရှုံးပေမယ့် စွမ်းဆောင်ရည်ကောင်းပါတယ်။ ပြောရရင် Diego Lopes က စန်းတက်နေတယ်။ အဆင့် (၁၂) သမားက (၉) ဆင့်ခုန်တက်ပြီး ချန်ပီယံလုခွင့်ရသွားတာ ဘယ်လောက်မိုက်သလဲ။ ကြည့်ကောင်းပါလိမ့်မယ်။
