CMF Phone 2 Pro ကို ဧပြီ ၂၈ မှာ မိတ်ဆက်သွားမယ်
ဧပြီ ၃ ရက်တုန်းက Nothing Official Account ကနေ Teaser တစ်ခုဖော်ပြခဲ့ပါတယ်။ အများစုက CMF Phone 2 လို့ယူဆခဲ့ကြတာပါ။ အခုတော့ ခန့်မှန်းခဲ့တာတွေ သေချာသွားခဲ့ပါပြီ။ CMF Phone 2 ဆိုပေမဲ့ တကယ်တမ်း မိတ်ဆက်သွားမှာကတော့ Pro Version ပါ။ Nothing က ဒီနှစ်မှာ Pro ကို တော်တော်ကြိုက်နေတဲ့ပုံပါပဲ။ CMF Phone 2 ရိုးရိုးကိုပါ မိတ်ဆက်သွားမလားဆိုတာကိုလည်း ဧပြီ ၂၈ ကျမှ သိရမှာပါ။ လေလောဆယ် ဖော်ပြထားပုံအရတော့ CMF Phone 2 Pro ဟာ ပိုပြီးစွမ်းဆောင်ရည်ကောင်းလာမှာဖြစ်ပြီး Phone 1 တုန်းက ကင်မရာအားနည်းချက်ကို ဖြေရှင်းထားမယ်လို့ ယူဆရပါတယ်။ Mediatek Dimensity 7400 Chips, 6.3” OLED (120Hz) , 5000mAh Battery နဲ 33W Fast charge တို့ support ပေးပါမယ်။ CMF Phone 1 တုန်းကတော့ ရောင်းအားကောင်းခဲ့တယ်လို့ ဆိုရမှာကြောင့် Phone 2 (Pro) ကိုလည်း မျှော်လင့်ရမှာပါပဲ။ ဧပြီ ၂၈ မှာတော့ Phone 2 (Pro) အပြင် (Buds 2, Buds 2a, Buds 2 Plus) တို့ကိုလည်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။

