22 w - Translate

အရမ်းကြိုက်သောပကျီးရီးချက်နည်းး
***********************************
(1)ပဲကြီး ၁၀သား
(2)ရုံး ပလေ သီး 14တောင့်
(3)ဒန်းဒလွန်သီး ၁တောင့်
(4)ခရမ်းချဉ်သီး ၅၀သား
(5)ငရုတ်သီးမှုန့် စားပွဲတင် ဟင်းခပ်ဇွန်း ၁ဇွန်းခွဲ
(6)ဇီယာ အစိမ်း ကို အမှုန့်ကြိတ်ပြီးသား
#စားပွဲတင်ဟင်းခပ်ဇွန်း၂ဇွန်းခွဲ
(7)နံနံပင် ၁၀၀ဖိုး
(8)ငရုတ်သီးစိမ်း အစပ် ၁၅တောင့်
(9)မကျီးမှည့် အရည် ပျစ်ပျစ်လေး ခန့်မှန်း
(1ဆီ ၁၀သား ၁၅ကျပ်သား
(11)ကြက်သွန်နီ အရွယ်တော် ၃လုံး သို့ ၄လုံး
(12)မုန့်ညင်းစေ့အမဲ လ ဖက် ရည် ဇွန်း ၂ဇွန်း
(13)ပဲနံသာ စေ့ လ ဖက် ရည် ဇွန်း ၁ဇွန်း
(14)ပျင်းတော်သိမ် ရွက် ၃ခတ် သို့ ၄ခတ်
(15)နနွင်းမှုန့် လ ဖက် ရည် ဇွန်း ၂ဇွန်း
(16)ဆား သင့်ရုံ ကြည့်ထည့်

ချက် နည်း
********
(1)ခရမ်းချဉ်သီး တွေ ကို မထူမပါး ဖြတ်ထားပါ

(2)ရုံး ပလေ သီးကို လက် တ ဆစ် အရွယ်
တဇောင်း ဖြတ်ထားပါ

(3)ဒန်းဒလွန်သီး ကို လက် ၂ဆစ် အရွယ် ဖြတ် ထား ပါ

(4)ပဲကြီးကို ရေ ဆေးပါ။အိုးတွင် လှော်ပါ ။
မွှေးလာလျှင် ရေထည့်ပြီး ပွလာအောင် ညထဲ က စိမ်ထားပါ။

(5) မနက် လင်းလျှင် ပဲပြုတ်လိုက်ပါ။အိအိလေး။
အခွံ မခွာ ရပါ။ပဲအိပြီးရေကျန်နေလျှင် မပြစ်ပါနှင့်။
ရေမကျန်လျှင် လည်း ရပါသည်။

(6)ဆီ ထဲ တွင် ပဲနံသာစေ့ /နနွင်း /မုန့်ညင်းစေ့ /
ပျင်းတော်သိမ် အရွက် / ကြက်သွန်နီပါးပါးလှီး အားလုံးကို ထည့်၍ ကြက်သွန်နီ ပန်းရောင် ရင့် ထိ ဆီသတ်ပါ

(7) ပြီးရင် ခရမ်းချဉ်သီး ထည့် ပါ
#ဒန်းဒလွန်သီးထည့်ပါ
#ပဲရည်ကျန်လျှင်ထည့်ပါ
#ဆားထည့်ပါ။
#ငရုတ်သီးစိမ်းတောင့်တွေအညှာချွေပြီးထည့်ပါ
#ဇီယာစိမ်းမှုန့်ထည့်ပါ
#ငရုတ်သီးမှုန့်ထည့်ပါ

(8) ကောင်းကောင်းလုံးလာအောင် မွှေ ပေးပါ
#ခရမ်းချဉ်သီးကြေနေပြီဆိုလျှင်ပဲကြီးရုံးပလေသီးထည့်ပီးမွှေပေးပါ

(9) ပြီးရင် မကျီးရည် ပျစ်ပျစ်လေးလို သလောက်ထည့်ပါ။
#နံနံပင်အုပ်ပါ
#ကောင်းကောင်းမွှေပေးပါ
#အရသာမြည်းကြည့်ပါ

#အရမ်းအရသာရှိပီးစားလို့ကောင်းတဲ့ပကျီးရီးဟင်းးရပါပီရှင့်?

တိုရှည်နဲ့ဘဲ စားစား ကျပါရီနဲ့ဘဲစားစား အရမ်းကိုလိုက်တဲ့ပါးစပ်ပြေတဲ့ဟင်းးလေးးပါနော် 😋😋
#cooking

image