သီးသန့် ၂ နိုင်ငံအတွက်သာ မိတ်ဆက်သွားမယ်ဆိုတဲ့ Samsung ၃ ခေါက်ချိုးဖုန်း
တော်တော်များများမျှော်လင့်နေတဲ့ Samsung ရဲ့ Tri-Fold ကိုတော့ မေလထဲမှာ မိတ်ဆက်လာနိုင်ပြီး တောင်ကိုရီးယားနဲ့ တရုတ် ၂ နိုင်ငံမှာပဲ ရောင်းချသွားမယ်ဆိုပြီး သတင်းတွေ ထွက်လာတာပါ။ ဖုန်းမော်ဒယ်တွေရဲ့ မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲပေးတဲ့ GSMA မှာ မော်ဒယ်အသစ်အတွက် မှတ်ပုံတင်ပြီးပြီဆိုရင် နောက် ၇ လဝန်းကျင်မှာ မိတ်ဆက်ကြတာများပါတယ်။ Samsung ကနေ “Q7M” နာမည်နဲ့ Tri-Fold လို့ယူဆရတဲ့ ဖုန်းတစ်လုံးကို မှတ်ပုံတင်ထားတယ်ဆိုပြီး သတင်းတွေထွက်ထားပါတယ်။ ဒါကြောင့် လာမယ့်မေလမဟုတ်ရင် အောက်တိုဘာလမှာ Samsung ကနေ ၃ ခေါက်ချိုးဖုန်းကို မိတ်ဆက်သွားနိုင်ခြေရှိတယ်ဆိုပြီး ခန့်မှန်းနေကြတာပါ။ တောင်ကိုရီးယားအနေနဲ့ သိပ်မထူးခြားပေမဲ့ တရုတ်မှာ မိတ်ဆက်သွားဖို့အတွက်ကတော့ Samsung အနေနဲ့ Huawei Tri-Fold ရဲ့ ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုကို အမှီလိုက်ဖို့ ကြိုးစားနေတယ်လို့ မှတ်ချက်ပေးနေကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် ခေါက်ဖုန်းလောကမှာ ထိပ်ဆုံးမှာရောက်နေတဲ့ ကုမ္ပဏီကြီးဖြစ်တာမို့ Samsung Tri-Fold ကိုတော့ တော်တော်လေးကို မျှော်လင့်နေကြပါတယ်။
