ဒီကလန်ရိုက်ရဲ့ ပထမ ဖရီးကစ်ဂိုးကို မြင်ပြီးနောက် ကားလို့စ်နည်းနည်း ကြက်သေသေသွားပုံရတယ်။ ကန်ချက်ကလည်း တော်တော်လှပါတယ်။ လူတံတိုင်းကိ ကွေ့ဝိုက်ပြီး ကန်သွင်းခဲ့ရာမှာ ဘောလုံးဝေ့ဝိုက်သွားတဲ့ပုံက တော်တော်လေးမိုက်လွန်းတယ်။
ပွဲကြည့်စင်ပေါ်ကနေ ထိုင်ကြည့်နေတဲ့ ကားလို့စ်တယောက် စိတ်မသက်မသာလည်း ဖြစ်သွားပါတယ်။ အသင်းဟောာင်းဂိုးပေးလိုက်ရတာမို့ ဘဝင်မကျသွားပုံရသလို ဒီကလန်ရိုက်ရဲ့ ကန်သွင်းပုံကိုလည်း အံ့အားသင့်သွားဟန်ရှိပါတယ်။ စိတ်ခံစားချက်မျိုးစုံ ရောပြွမ်းသွားတဲ့ အခိုက်အတန့်ပါပဲ။
ကစားသမားဘ၀တုန်းက ကိုယ်တိုင် နာမည်ကျော်ဖရီးကစ်ကန်ချက်တွေနဲ့ ဂိုးသွင်းခဲ့ဖူးသူမို့ ရိုက်စ်ရဲ့ ကန်ချက်က ဘယ်လိုမျိုးလဲဆိုတာကို သူ ကောင်းကောင်းကြီး နားလည်မှာပါ။
