Trump ရဲ့တိုးမြင့်လာတဲ့အခွန်နဲ့ ၂ ဆပေးဝယ်ရတော့မယ့် iPhone
Donald Trump ကျေးဇူးနဲ့ iPhone တွေကို ၂ ဆပေးဝယ်ရပါတော့မယ်။
Donald Trump ရဲ့ အခွန်တိုးမြှင့်ကောက်ခံနေတဲ့ကိစ္စက နည်းပညာပိုင်းတွေလည်း အပါအဝင်ဖြစ်လာပါပြီ။ ပြီးခဲ့တဲ့အပတ်က ထပ်မံကြေညာပုံအရ အခွန်တွေဟာ ပုံမှန်ထက် 30% ကနေ 40% အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် လေ့လာဆန်းစစ်သူတွေအရ အခွန် 40% သာတိုးသွားမယ်ဆိုရင် iPhone ရိုးရိုးမော်ဒယ်တွေဟာ ဥပမာ - ဒေါ်လာ 800 တန်က 1200 နီးပါးဖြစ်သွားမှာဖြစ်ပြီး Pro မော်ဒယ်တွေဆိုရင် ဒေါ်လာ 2300 ဝန်းကျင်လောက်အထိ ဖြစ်သွားနိုင်ခြေရှိတယ်ဆိုပြီး ပြောထားကြပါတယ်။ (ဒါဆို ဒေါ်လာ 2300 လို့ ခန့်မှန်းထားကြတဲ့ Apple ခေါက်ဖုန်းသာဆို ဒေါ်လာ 5000 လောက် ရှိသွားမလားပဲ) ဆိုတော့ iPhone တင်မဟုတ်ပါဘူး။ Apple Watch, iPad, Mac နဲ့ AirPod တွေလည်း အပါအဝင်ပါပဲ။ ထပ်ပြီးစိတ်မအေးလိုက်ပါနဲ့ Apple တင်မကပါဘူး။ အခြား Brand တွေ ထိုနည်း၎င်းပါပဲ။ အကုန်လုံး ၂ ဆနီးပါးမဟုတ်တောင် အရင်ထက် ပိုဈေးကြီးလာမှာတော့ အတိအကျပါပဲ။
