22 w - Translate

အမဲပုဆိုးကြမ်း(အမဲအူဟင်း)
အမဲအူကိုအတုံးလေးတွေ လှီးဖြတ်ပီးရှာလကာရည်နှစ်ဇွန်း၊ဆားနဲနဲထည့်ပြီးနယ်ဆေးပါ။ပြီးရင်ဆား၊ဆနွင်း၊အချိုမှုန့်၊ရှာလကာရည်တစ်ဇွန်းထည့်နယ်ပါ။
ချက်နည်း။ ။ကြက်သွန်နီနှစ်လုံး၊ကြက်သွန်ဖြူသုံးတက်၊ချင်းလက်တစ်ဆစ်၊ငရုတ်သီးအကြမ်းဖတ်အနည်းငယ်ကိုရောပီးငရုတ်ဆုံတွင်ထောင်းပါ။ဒယ်အိုးထဲ ဆီပူရင် ထောင်းထားတာတွေထည့်ဆီသတ်ပါ။ဆီသတ်တာနွမ်းသွားရင် အမဲအူကိုထည့်လုံးပါ။ခဏနေရင်ရေမြုပ်နေအောင်ထည့်ချက်ပါ။ရေခမ်းရင်
နောက်တစ်ရေမြုပ်နေအောင်ထည့်ပီး ထပ်ချက်ပါ။ရေကျန်ဆီပြန် ဖြစ်ရင် အမဲအူနူးရင် စားလို့ရပါပြီ။မနူးသေးရင် ရေထည့်ပြီးထပ်တည်ပါ။မဆလာကြိုက်ရင် ချခါနီးမဆလာထည့်ချက်ပါ...
#cooking

image