ဘယ်ခြမ်းကဆွဲယူပြီး ဧရိယာထဲရောက်လာတဲ့ ခါဗရာကို ဗီလာကစားသမား ၃ ဦးလောက်အထိ အရှေ့ကပိတ်ထားခဲ့တာပါ။ ခါဗရာအတွက် ကစားပေါက်ကျပ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူက ညာဘက်ကို ဆွဲမယ့်ဟန်ပြင်ပြီး ဘယ်ခြမ်းကို ဘောလုံးထုတ်လိုက်ပါတယ်။ ဘောလုံးပေါ်ကို ခြေထောက်တင်ပြီး အသာလေး လှိမ့်ဆွဲသွားခဲ့တာပါ။
ဗီလာကစားသမားတွေ ဘာမှမလုပ်နိုင်ဖြစ်သွားတယ်။ ဘယ်ခြေနဲ့ပဲ မာတီနက်ဇ်ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းခဲ့ပြီး တော်တော်ကောင်းမွန်တဲ့ သွင်းဂိုးတဂိုးဖြစ်လာပါတယ်။ What a goal, what a player ပါပဲ။ ပေါလ်မာဆွန်တောင် ဒီပွဲကို တင်ဆက်နေရင်း ခါဗရာကို ချက်ချင်းချီးကျူးခဲ့ရပါတယ်။
၃-၁ နဲ့ နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေတော့ ကောင်းသွားပါပြီ။ ပီအက်စ်ဂျီကိုက ကောင်းလွန်းနေတာပါ။ ဗီလာတို့ ဦးဆောင်ဂိုးရခဲ့ပေမယ့် မထိန်းနိုင်ခဲ့ဘဲ ၃ဂိုးပြန်ပေးလိုက်ရပြီး အိမ်ကွင်း ဒုတိယအကျော့မှာ အားကုန်ထုတ်သုံးရပါတော့မယ်
