လူအယောက် ၁၀၀၀၀ စာ ငလျင်ဘေးသင့်ပြည်သူတွေရဲ့ ဝမ်းစာကို ဖြေရှင်းပေးနိုင်ခဲ့တဲ့ ပိုးကြာဖြူခင်ရဲ့ စတုဒီသာအလှူ 🥰
ဧပြီလ ၁ ရက်နေ့တည်းက နေ့စဉ်တစ်ရက်မပျက်လှူဒါန်းလာခဲ့တာဖြစ်ပါတယ်။ ၉ ရက်ကြာကျွေးမွေးခဲ့ရာ ခန့်မှန်းခြေ လူအယောက်ပေါင်း ၁၀၀၀၀ ဝန်းကျင်စာရှိခဲ့ပြီဖြစ်တယ်လို့ ပိုးကြာဖြူခင်ကပြောပါတယ်။ ငလျင်ဘေးသင့်ရာဒေသမှာနေထိုင်တာကြောင့် သူမတို့မိသားစုလည်း ငလျင်ဘေးဒဏ်သင့်တဲ့ထဲပါဝင်ခဲ့ပေမယ့် စတုဒီသာအလှူကိုတော့ တစ်ရက်မပြတ်ကျွေးမွေးခဲ့တာပါ။ ၉ ရက်ကျွေးမွေးပြီးတဲ့နောက်မှာတော့ သူမရဲ့စတုဒီသာအလှူကပြီးဆုံးသွားပြီလို့ဆိုပါတယ်။ လာမယ့်သင်္ကြန်မှာလည်း စတုဒီသာအလှူလုပ်သွားနိုင်အောင်ကြိုးစားမယ်လို့ သူမကပြောပါတယ်။
#crd
#celenews
