1 ပတ် - ဘာသာပြန်ပါ။

မြောက်ဘိမှာ အကင်ကောင်းကောင်းလည်းစားချင်တယ် လူမရှုပ်ပဲအေးဆေးလေးထိုင်ပြီး ဘော်ဒါတွေနဲ့ နေညိုချိန်မှာ Chill ချင်ရင်တော့ ဒီဆိုင်ရှိမယ် 🚩🚩
ဆိုင်ကကွာ မေဓာဝီလမ်းမကြီး ဝဇီယာစျေးလမ်းထိပ်မှာ
ဒီနေ့ထိုင်ဖြစ်တာတော့ ဆိုင်သစ်လေးဖြစ်တာကြောင့် မြေစမ်းခရမ်းပျိုးတဲ့အနေနဲ့ Try ကြည့်တာ
အိုခေတယ်ပြောရမယ်
မြောက်ဥက္ကလာမှာ ဒါမျိုးအေးဆေးထိုင်လို့ကောင်းတဲ့ဆိုင်တွေက နည်းတော့ ယခုလိုဆိုင်မျိုးလေးရှိတာမိုက်တယ်ပြောရမယ်
ဘီယာဆိုင်ဆိုပေမယ့် မာလာတုတ်ထိုးကြော်က ဒီဆိုင်ရဲ့ Signature ပဲ
တုတ်ထိုးထားတဲ့အကင်စျေးနူန်းတွေကလည်း street food စျေးသာသာပဲရှိတယ် စျေးသင့်တင့်တဲ့အထဲမှာပါတယ်
Menu ကတော့အကုန်ရှိတယ် တခြားဆိုင်တွေမှာရသလို …
တခြားဆိုင်တွေမှာမရှိတာက ဒီဆိုင်ရဲ့
မာလာတုတ်ထိုးကြော် 😁
တခြားမီနူးတွေကတော့ မစားဖူးသေးတော့ ကောင်းမကောင်းတော့ မသိဘူးခင်ဗျာ
ဒီနေ့စားခဲ့တဲ့ မာလာတုတ်ထိုးကြော်ကတော့ရှယ်ပဲ ❤️
သူ့အရသာက အမျိုးသမီးတွေပိုကြိုက်နိုင်တဲ့ အရသာမျိုး
သူနဲ့တွဲစားတဲ့ အချဉ်ရည်ကရှယ်ပဲ ထိမိနေရော
ဆိုင်ဖွင့်ချိန်က ⏰
90Am to 90pm (ထိုင်သောက်တဲ့ ကာကာတွေရှိနေရင် 110Pm) အထိဖွင့်ပေးပါတယ်
ဆိုင်ဖွင့်တဲ့ ယခု မတ်လ တစ်လလုံး 10% Dis ပေးထားတဲ့အပြင် Beer (စည် ABC/Tiger )ကို 3+1 ပေးဦးမှာ
ပြောဖို့မေ့တော့မလို့ ဆိုင်ပုံစံအရ မိသားစုနဲ့လာပြီးထိုင်ဖို့လည်းသင့်တဲ့ပုံမျိုး နောက်ပြီး ဘတ်ဂျက်လည်းဖြစ်တော့
အိုခေမှာ စိုပြေမှာမို့ ညွှန်းပေးလိုက်ပါတယ်ဗျ
ထိုင်ဖူးတဲ့လူတွေရှိရင်လည်း ဝင်ရောက်ပြောပြပေးခဲ့ပါဦး
ဆိုင်ဖုန်းနံပါတ် ☎️ 09-691191188

image