1 w - Translate

အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှာ တည်ရှိတဲ့ Valles Marineris ချောက်ကြီးဟာ နေစကြဝဠာအတွင်းမှာ အရှည်ဆုံးနဲ့ အနက်ဆုံး (Canyon) ချောက်နက်ကြီးဖြစ်ပါတယ်။
အကယ်၍ Valles Marineris ချောက်နက်ကြီးသာ ကမ္ဘာပေါ်မှာ ရှိခဲ့မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုတစ်ခုလုံးကို ဖြတ်သန်းသွားနိုင်လောက်အောင် ရှည်လျားပါတယ်။
NASA ရဲ့အဆိုအရ Valles Marineris ဟာ အရှည် မိုင် ၃,၀၀၀ ကျော် (၄,၈၀၀ ကီလိုမီတာကျော်) ရှိပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ဘက်ကမ်းရိုး တန်းကနေ အနောက်ဘက်ကမ်းရိုးတန်းအထိ အရှည်နဲ့ ညီမျှပါတယ်။
အနံ အားဖြင့် မိုင် ၂၀၀ (ကီလိုမီတာ ၃၂၀) အထိ ကျယ် ဝန်းပြီး အနက် ကတော့ ၄ မိုင် (၇ ကီလိုမီတာ) အထိ နက်ရှိုင်းပါတယ်။
#area51 #vallesmarineris #mars #solarsystem

image