ညဖက်အငှါးကားမောင်းတဲ့ တက္ကစီမောင်းတဲ့သူတစ်ယောက်ရဲ့ လောကကြီးအပေါ်ရှုမြင်ပုံအကြောင်းကြည့်ရမယ့်ရုပ်ရှင်
A Taxi Driver
2017 ‧ Action/Comedy ‧ 2h 17m
ယခုရုပ်ရှင်ထဲက ဒရိုင်ဘာလေး ထရာဘစ်စ်ဟာ လိင် | စကားလုံး ချိတ်ငင်မှု | ပျော်ရွှင်မှု |ရယူပြည့်ဝမှု စတဲ့ လူသဘာဝကြီးထဲက လူသားအများစုတိုင်း ရရှိရမှာ ဖြစ်တဲ့ ယင်းကဲ့သိုသော ယေဘုယျအချက်အလက်တွေကို ရရှိပိုင်ဆိုင်ဖိုမျှော်လင့်ခဲ့ပေမယ့် မျှော်လင့်မှု ရဲ့ အဆုံးသတ်ရလဒ်တွေက ရှု းနိမ့်ကြေကွဲခြင်းပဲ ဖြစ်ခဲ့ရတယ်။ဗီယက်နမ်စစ်မြေပြင်ကနေ ကယောင်ချောက်ချားနဲ့ ပြည်တော်ပြန်လာတယ်။အဲဒီကနေ အိပ်မပျော်တဲ့ရောဂါတစ်ခုကို စွဲကပ်လာခဲ့တယ်။အိပ်မပျော်တဲ့သူဖြစ်လေတော့ သူ့အတွက် အဆင်ပြေဆုံး အလုပ်က ညပိုင်းအငှားကားမောင်းခြင်းက အကိုက်ညီဆုံး လုပ်ငန်းတစ်ခု မဟုတ်ပါလား။အဲဒီလိုနဲ့ သူဟာ တက္ကစီမောင်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တော့တယ်။မြိုပြညဟာ အချိန်မြင့်လာတာနဲ့အမျှ မှိင်းမှု ရီဝေလာသယောင် ရှိပေမယ့် အမှောင်ကာလပိုင်းရောက်မှသာ အသက်ဝင်နိုးကြွသူတွေလည်း ရှိကြပါတယ်။ဆေးသမားတွေ ။ပြည့်တန်ဆာတွေ။ဖောက်သည်ရှာပေးနေတဲ့ ပြည့်တန်ဆာခေါင်းတွေ စသဖြင့်ပေါ့ ။သူတိုက ညကိုမှီခိုပြီး အလုပ်လုပ်ကြတဲ့သူတွေပါပဲ။သူ့ရဲ့တက္ကစီကလေးက မြိုပြရဲ့ အလင်းမှန်ကူကွက်တွေကြားမှာ တိုးဝင်လူးလွန့်နေတဲ့ မြွေငယ်ကလေးတစ်ကောင်ဖြစ်ပါတယ်။
ဇာတ်ညွှန်းရေးဆရာ Paul Schraderအထူးလက်စွမ်းပြထားတဲ့ ယခုရုပ်ရှင်ဟာ 1956ကထုတ်လုပ်ခဲ့ဘူးတဲ့ ဒါရိုက်တာကြီး ဂျွန်ဖိုဒ်ရဲ့ The Searchers ရုပ်ရှင်ကို ဆင့်ပွားဖန်တီးထားတယ်လို ဆိုပါတယ်။The Searchers ရုပ်ရှင်ဟာ ဟောလိဝုဒ်ခေတ်ဦး မင်းသားကြီး ဂျွန်ဝိန်းရဲ့ နာမည်အကြီးဆုံးရုပ်ရှင်ကားတစ်ကားဟု သတ်မှတ်နိုင်သလို နှောင်းခေတ်ရုပ်ရှင်တွေအပေါ်လည်း များစွာ လမ်းပြလွှမ်းမိုးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလို သတ်မှတ်ထားကြပါတယ်။အဲဒီရုပ်ရှင်ဟာ ထပ်တူအသက်သွင်းလာတဲ့ ကလဲ့စားချေမှုရဲ့ ဇာတ်လမ်းသွားတွေကို ဆန်းသစ်ပြောင်းလဲတဲ့ ကားတစ်ကား အရောင်နဲ့ဆိတ်ငြိမ်သော ပုံရိပ်များက အဖြေများစွာကို အလိုလိုထုတ်ပေးပြီးသား ဆိုတဲ့ Film Language ကို ညွှန်းဆိုပြတဲ့ကားတစ်ကားလို ပြောလိုရနိုင်ပါမယ်။
