သူကျွမ်းကျင်တဲ့ ဆေးပညာနဲ့ စစ်ကိုင်းက ငလျင်ဘေးသင့်ပြည်သူတွေကို လုပ်အားဒါနပြုခဲ့တဲ့ ဒေါက်တာစိုင်းစည်တွမ်ခမ်း ❤️
ဆရာဝန်လေးကတော့ မန္တလေးနဲ့စစ်ကိုင်းမှာ ရှိတဲ့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို လုပ်အားပေးကူညီဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 'နယ်လှည့်ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့' နဲ့ခဏတာပူးပေါင်းပြီး မိဘပြည်သူတွေအတွက် လုပ်အားဒါနပြုခဲ့တာပါ။ စိုင်းစည်တွမ်ခမ်းဟာ မန္တလေး ၊ အမရပူရနဲ့ စစ်ကိုင်းတောင်ခြေတို့ကိုသွားရောက်ကာ ကူညီကယ်ဆယ်လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
