23 w - Translate

ဖုန်းထဲမှာ App တွေကို မလိုအပ်ပဲ လျှောက်ထည့်မိနေပြီလား …

Social media က တွေ့တဲ့ App တိုင်းကို လိုအပ်တယ်ဆိုပြီး အကုန်လျှောက်ထည့်မနေပဲ အမှန်တကယ်လိုအပ်တဲ့ App တွေကိုသာ သေချာထည့်သွင်းအသုံးပြုတာက ကိုယ့်ဖုန်းအတွက်လည်း ကောင်းမွန်သလို ကိုယ့်အတွက်လည်း အသုံးပြုရ လွယ်ကူရိုးရှင်းစေပါတယ်။

ကြော်ငြာ Ad တွေကနေ မိတ်ဆက်ထားတဲ့ အချို့ App တွေဆိုရင် Virus အချို့နဲ့ Hack တာတွေပါဝင်တတ်တာမို့ Security ပိုင်းမှာပါ ပိုလို့သတိထားသင့်ပါတယ်။ ဒါကြောင့် ကြော်ငြာ Ad တွေက App တွေကို သုံးချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ Google မှာဖြစ်ဖြစ် Play Store မှာဖြစ်ဖြစ် review ပေးထားတာတွေကို အရင်လေ့လာသင့်ပါတယ်။

ဒီတော့ ဘယ်လို App အမျိုးအစားတွေကို ဖုန်းထဲမှာ ထည့်ထားသင့်သလဲ​ ?

📌 Massaging App
Communication အတွက် အလိုအပ်ဆုံးဖြစ်တဲ့ Message App တွေဟာ Internet ကနေ အပြန်အလှန်စာပို့၊ V-call ပြောဆိုဖို့ဆိုအတွက် လိုကိိုလိုအပ်တဲ့ App တွေဖြစ်ပြီး မဖြစ်မနေကိုထည့်သွင်းသင့်ပါတယ်။ Messenger, Telegram, viber တို့ကတော့ Local မှာ အသုံးအများဆုံးနဲ့ အလွယ်ကူဆုံးဖြစ်ပြီး We Chat, WhatsApp, Line, Snapchat, Discord တို့ကတော့ နိုင်ငံတကာမှာ အသုံးများတဲ့ Message App တွေဖြစ်ပါတယ်။

📌Social Media App
Social Media App တွေကတော့ အားလုံးသိပြီးနေကျဖြစ်တဲ့ Facebook, Instagram, X (Twitter), YouTube တို့ပဲဖြစ်ပါတယ်။ ဒီ App တွေကတော့ သတင်းအချက်အလက်တွေ အဆက်မပြတ်သိရှိစေဖို့နဲ့ မိသားစု, မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ လွယ်ကူစွာ ချိတ်ဆက်နိုင်ဖို့ ကူညီပေးမှာဖြစ်တဲ့အတွက် မဖြစ်မနေထည့်သွင်းထားသင့်ပါတယ်။

📌 Productivity App
ကိုယ့်လုပ်ကိုင်နေတဲ့ အလုပ်နဲ့ သင့်တော်တဲ့ Productivity App တွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဥပမာ - Google နဲ့ပတ်သက်တဲ့ App တွေဖြစ်တဲ့ Google Keep, Google Calendar, Google Drive တို့အပြင် Word, Excel, Power Point တို့ကိုလည်း ထည့်သွင်းထားသင့်ပါတယ်။ အခုနောက်ပိုင်းအလုပ်တွေမှာဆို Notion, Slack, Asana စတဲ့ App တွေကိုလည်း အသုံးများလာကြတာကို တွေ့ရပါတယ်။

📌 Entertainment App
အနားယူချိန်တွေအတွက် ဖျော်ဖြေရေး App တွေကလည်း မရှိမဖြစ်ပါပဲ။ ရုပ်ရှင်ကြည့်ဖို့၊ သီချင်းနားထောင်ဖို့၊ Game ဆော့ဖို့ စတဲ့ App တွေကို ထည့်သွင်းထားသင့်ပါတယ်။ ဒါပေမဲ့ ဖျော်ဖြေရေး App အချို့ကို သုံးတော့မယ်ဆိုရင် social media မှာ recommend ပေးကြပြီး Security စိတ်ချရတဲ့ App တွေကို သေချာလေ့လာပြီး သုံးဖို့တော့ လိုပါလိမ့်မယ်။

📌 Health and Fitness App
သင့်ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးနေတဲ့ App တွေကိုလည်း ထည့်ထားစေချင်ပါတယ်။ အခုနောက်ပိုင်းထွက်ရှိလာတဲ့ Fitness App အချို့ဟာဆိုရင် မိန်းကလေးတွေရဲ့ Period Cycle အတွက် အကျိုးပြုတဲ့ App တွေ, Gym App, Workout App, Yoga App, 30 days Fitness Challenge တွေအပြင် အချို့ Fitness App တွေဟာ ငွေကြေးစီမံခန့်ခွဲဖို့အတွက်ပါ အသုံးပြုနိုင်တာကြောင့် အဆင်ပြေစေပါတယ်။ အကယ်၍ သင်က Smart Watch အသုံးပြုတယ်ဆိုရင်လည်း Smart Watch နဲ့ ချိတ်ဆက်သုံးနိုင်မယ့် App တွေကို ထည့်သွင်းသင့်ပါတယ်။

အခုပြောပြပေးခဲ့တာတော့ ဖုန်းတစ်လုံးမှာ ရှိထားသင့်တဲ့ App အချို့ပဲဖြစ်ပါတယ်။ အကယ်၍ မသုံးဖူးသေးတဲ့ App တွေရှိလည်း အသုံးပြုကြည့်ဖို့ တိုက်တွန်းပါတယ်နော်။ အပေါ်က App တွေအပြင် ဖုန်းထဲမှာ ထည့်သုံးသင့်တဲ့ App တွေရှိရင်လည်း ပြောပြပေးခဲ့လို ရပါတယ်ခင်ဗျာ။

image