1 ပတ် - ဘာသာပြန်ပါ။

ကိုယ်ချင်းစာစိတ်🌸
ကိုယ်ခံစားရမှ ဒဏ်ရာလို့ မထင်နဲ့
လူတိုင်းမှာ ခံစားတတ်တဲ့နှလုံးသားရှိကြပါတယ်။
တစ်ခါတလေ ငါသာဆိုရင် သူ့နေရာမှာဆိုတဲ့စိတ်က အမြဲတမ်းလူတိုင်းမှာရှိမနေတတ်ဘူး
ဒုက္ခနဲ့ကြုံဖူးမှ
ဒုက္ခရဲ့အခက်အခဲကို နားလည်ကြတာများပါတယ်။
အမှန်တွေဆိုပေမယ့်
အကျိုးအကြောင်းမသင့်လျော်ရင် ဘယ်အမှန်တရားကိုမှ လူတိုင်း လက်မခံနိူင်ပါဘူး။
ကိုယ်ကိုယ်တိုင်ကရော
သူ့နေရာမှာ ဝင်ခံစားကြည့်ဖူးလား???
လူဆိုတာ လူသားဆန်တတ်ရတယ် လူ့စည်း ဆိုတာရှိရတယ်။
ဘယ်သူမုန်းမုန်း ကိုယ်မှန်တယ်ထင်နေလို့မရဘူး ရေငတ်ကာမှ ရေတစ်ခွက်ရဲ့တန်ဖိုးကို
သိနေ လို့မရဘူး။
တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
တန်ဖိုးသိတဲ့သူတွေအတွက်ကတော့ အသုံးဝင်နေမှာပဲလေ။
ကိုယ်ချင်းစာတတ်ချင်ရင် စာများများဖတ်ပါ
လူ့ဘဝမှာ အတုလုပ်ယူလို့မရတာက
ကိုယ်ကျင့်တရားနဲ့
သမိုင်းဆိုတာသိစေချင်တယ်။
ကိုယ်ကိုယ်တိုင်က မကောင်းသရွေ့
တစ်ပါးသူကောင်း လာဖို့မမျှော်လင့်ပါနဲ့
မှန်ထဲမှာ ပြုံးပြတာမြင်ချင် ကိုယ်တိုင်က အရင်ဆုံးပြုံးရတာပါပဲ။
လူဆိုတာ
ကိုယ့်နေရာပဲ ကြည့်နေလို့မရဘူး
သူ့နေမှာလည်း ဝင်ခံစားပေးတတ်ရတယ်
ဒါမှလူပီသမှာ။

image