#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် တံတားချဉ်းကပ်လမ်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော ရတနာပုံတံတားကို ပြန်လည်ဖြတ်သန်းခွင့်ပြု
ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် တံတားချဉ်းကပ်လမ်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော ရတနာပုံတံတားကို ဧပြီ ၇ ရက်တွင် ပြန်လည်ဖြတ်သန်း ခွင့်ပြုလိုက်ကြောင်းသိရသည်။
ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရတနာပုံတံတား၏ စစ်ကိုင်း ဘက်ခြမ်းမှ တံတားချဉ်းကပ်လမ်းတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် စစ်ကိုင်းမြို့ရှိလမ်းဦးစီးဌာနက ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ပြန်လည်ပြင်ဆင်ခဲ့ရာ ဧပြီ ၇ ရက်တွင် အလုံးစုံပြင်ဆင်ပြီးဖြစ်၍မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် ဧပြီ ၇ ရက်အထိ သေဆုံးသူ ၃၆ဝဝ၊ ထိခိုက်ဒဏ်ရာရသူ ၅ဝ၁၇ ဦး၊ ပျောက်ဆုံးနေသူ ၁၆ဝ ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ဓာတ်ပုံ -CJ
