သထုံမှာ လေပြင်းတိုက်ခိုက်ခဲ့
(မိုးလေဝသ) ဧပြီ ၈
မွန်ပြည်နယ် သထုံမြို့နယ်မှာ လေပြင်းတိုက်ခတ်ခဲ့လို့ သစ်ပင်တွေပြိုလဲခဲ့သလို ရထားလမ်းပိတ်ဆို့မှုလည်းဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။
သထုံမြို့နယ်အတွင်းမှာ လေးပြင်းတွေတိုက်ခတ်ခဲ့တာကြောင့် သထုံမြို့၊ ဒုံဝန်းကျေးရွာက ဒုံ၀န်းဘူတာနဲ့ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာက နှင်းပုလဲဘူတာအကြားရထားလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လေပြင်းကြောင့်ရထားလမ်းဘေးက အရိပ်ရပင်တွေလဲကျမှုဖြစ်ပွားခဲ့ပြီး ရထားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့လို့ ဧပြီ ၈ ရက် မနက်အစောပိုင်းမှာ မြန်မာ့မီးရထား၊ မြို့ပြအင်ဂျင်နီယာဌာန(သထုံ)က သွားရောက်ရှင်းလင်းနေပြီး ရထားခရီးစဥ်တွေလည်း မကြာခင်ပြန်လည်ပြေးဆွဲပေးနိုင်မယ်လို့ သိရပါတယ်။
