မုန့်ဆီကြော် လုပ်နည်း.......
လုပ်ရတာလွယ်တယ် ကောက်ညှင်းမှုန့်နဲ့လုပ်တော့ ကြွပ်ကြွပ်လေးစားရတယ်။ ပူပူလေးစားရင်ပိုစားကောင်းတယ် 😋
မုန့်လုပ်ထန်းလျက်အမဲကိုရေကျဲကျဲကြို
ကောက်ညင်းမှုန့် ဆားအနည်းငယ်ထည့်ပြီး မပျစ်မကျဲဖျော်
အနည်းဆုံးတစ်နာရီလောက်နှပ်ထား။
ပြီးရင် ဒယ်အိုးထဲတစ်ခုချင်းထည့်ကြော်တယ်
မုန့်ရည်ကိုပါးပါးပဲလောင်းတယ်
ဆီများများထည့်ဖို့မလိုဘူ
တစ်ခုချင်းလိုသလောက်ပဲထည့်တယ်။
မုန့်ရည်လောင်းပြီးရင်နှမ်းဖြူးတယ်။
တစ်ဖက်ကျက်မှတစ်ဖက်လှန်တယ်
မီးကိုလိုသလိုအတိုးအလျှော့လုပ်
တစ်ခုချင်း ဆီပြန်စစ်ဖို့တော့လိုတယ်။
ဒါဆိုရင် စားကောင်းတဲ့ မုန့်ဆီကြော်ကြွပ်ကြွပ်လေး ရပြီး...😋

image