1 w - Translate

အမေရိကအခြေစိုက် Samaritan's Purse ကုသရေးအဖွဲ့ ရောက်ရှိ
အမေရိကအခြေစိုက် Samaritan's Purse ကုသရေးအဖွဲ့ မြန်မာနိုင်ငံသို့ ‌ ရောက်က်ရှိလာပြီးဖြစ်ကာ အဆိုပါအဖွဲ့မှဆရာဝန်များ၊သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များသည် မတ်လ ၂၈ ရက် ငလျင်နှင့် နောက်ဆက်တွဲငလျင်ကြောင့် ထိခိုက်သူများအတွက် အသက်ကယ်ခွဲစိတ်မှုများစတင်လုပ်ဆောင်နေပြီဖြစ်သည်ဟုသိရသည်။
၎င်းတို့အနေဖြင့် မကြာမီ တစ်ရက်လျှင် လူနာ ၂၀၀ အထိကုသပေးနိုင်မည့် အရေးပေါ်ကွင်းဆင်းဆေးရုံများကိုအမြန်တပ်ဆင်လျက်ရှိပြီး ၎င်းတို့တွင် အထူးကြပ်မတ်ကုသဆောင်၊ အရေးပေါ်ခန်း၊ဆေးပေးခန်း၊ဓာတ်ခွဲခန်းနှင့် ခွဲစိတ်မှုဒါဇင်ပေါင်းများစွာကို နေ့စဥ်ပြုလုပ်ပေးနိုင်မည့် ခွဲစိတ်ခန်းနှစ်ခုတို့ပါဝင်သည်ဟုဆိုသည်။
"လက်ရှိအချိန်မှာ လိုအပ်မှုကအရမ်းများနေပါတယ်။သေဆုံးသူ ၃,၅၀၀ ကျော်ရှိလာပြီး ဒဏ်ရာရသူက ထောင်ချီရှိနေပါတယ်။ဒေသတွင်းဆေးရုံတွေကလဲ လူအပြည့်အလျှံဖြစ်နေပါတယ်။လက်ရှိကို ကျွန်တာ်တို့ဆီမှာ အရိုးကျိုးထားတဲ့လူနာတွေလာ‌ စောင့် နေကြ တာ ရာကျော်နေပါပြီ" ဟုလည်းဆိုသည်။
၎င်းတို့သည် ယမန်နေ့က ဘိုးရင်း 747 ကုန်တင်လေယာဉ်ဖြင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၀၄ တန်ကိုတင်ဆောင်ခဲ့ပြီး ၎င်းတို့တွင် ရေစစ်စနစ်ခြောက်ခု၊အရေးပေါ်အမိုးအကာပစ္စည်းများ၊ဆိုလာမီးများနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများပါဝင်သည်ဟုလည်းသိရသည်။
Source : Samaritan's Purse

image