1 w - Translate

ထိုင်းနိုင်ငံတွင် April 7 ရက်နေ့ကစပီး မိုးသက်‌လေပြင်း နှင့် မိုးကြိုးမုန်တိုင်းများ ကျရောက်မည်
ထိုင်းနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် ပြင်းထန်သော လေပြင်းများ၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးမုန်တိုင်းများ ကျရောက်မည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။
ဘန်ကောက်နှင့် အနီးတဝိုက်ဒေသများတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းများကြောင့် လမ်းပန်းဆက်သွယ်ရေး နှောင့်နှေးမှုများ ဖြစ်ပေါ်နိုင်လို့ ဂရုစိုက်ကြဖို့ အကြံလေးပြုပါတယ်
တရုတ်နိုင်ငံမှ စတင်ဝင်ရောက်လာသော လေဖိအားနဲရပ်၀န်း ကြောင့် ပူပြင်းပြီး ရုတ်တရက် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လာတာလို့သိရပါတယ်
ဖြစ်နိုင်လျှင် အိမ်တွင်း၌ နေထိုင်ရန်၊ လေတိုက်လို့ လွင့်ပါနိုင်သော ပစ္စည်းများကို သေချာစွာ ချိတ်ထားရန်
လယ်သမားများအနေဖြင့် သီးနှံနှင့် မွေးမြူရေးတိရစ္ဆာန်များကို ကြိုတင်ကာကွယ်ပြီး နေရာချထားဖို့ နဲ့ ထိုင်းပင်လယ်ကွေ့နှင့် အန်ဒမန်ပင်လယ်တို့တွင် လှိုင်းကြီးမည်ဖြစ်သဖြင့် သတိထား ဖို့ ကြေငြာထားပါတယ်

image