ငလျင်လှုပ်နေချိန်မှာ နေအိမ်ကို လေပေါ်မြောက်တက်နိုင်တဲ့ နည်းပညာကို ဂျပန် တီထွင်
=================================================
ဂျပန် ဟာ ကမ္ဘာမှာ ငလျင်ဘေးဒဏ်ကို အဆိုးဆုံး ခံစားရတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ငလျင်ဒဏ်ကို ကာကွယ်နိုင်မယ့် နည်းပညာတွေကို စဉ်ဆက်မပြတ် တီထွင်နေပါတယ်။
အခုလည်း အဆန်းကြီးတွေကို လုပ်ပြလိုက်ပါတယ်။ Air Danshin လို့ ခေါ်တဲ့ ဂျပန် ကုမ္ပဏီက ငလျင်လှုပ်တဲ့အချိန်မှာ နေအိမ်ကို လေပေါ်မြောက်တက်နိုင်တဲ့နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ နည်းပညာမှာ လေဖိအားကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ဒီနည်းပညာမှာ နေအိမ်အောက်မှာ လေလျှော့ထားတဲ့ လေအိတ်တွေကို ထားရှိထားပါတယ်။ ငလျင်လှုပ်တဲ့ အချိန်မှာ အဲဒီ စနစ်က အာရုံခံနိုင်ပြီး လေအိတ်ထဲကို လေ ဖြည့်သွင်းပေးမှာ ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ လေအိတ်တွေက နေအိမ်ကို မြေပြင်အထက်ကို တွန်းပို့ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နေအိမ်ဟာ မြေပြင်တုန်ခါမှုတွေကို မခံရတော့ပါဘူး။ ငလျင်လှုပ်တာ ရပ်သွားတာနဲ့ နေအိမ်ဟာ မြေပြင်ပေါ် ပြန်လည် ကျရောက်လာမှာ ဖြစ်ပါတယ်။
ဂျပန်မှာ ဒီနည်းပညာကို သုံးတဲ့ နေအိမ်တွေ တည်ဆောက်ထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ ၇.၃ မဂ္ဂနီကျု ငလျင် လှုပ်တဲ့အခါမှာ ဒီနည်းပညာကို အသုံးပြုထားတဲ့ နေအိမ်တွေဟာ ပျက်ဆီးမှု မရှိဘူးဆိုတာတွေ့ခဲ့ရပါတယ်။
Ref : Amazing Japan
