1 w - Translate

Ruben Brandt, Collector(2018)
********
သင်ဟာ now you see me တိုလို money heist တိုလို အဖွဲလိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကို
သဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊
ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊
ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။
ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊
two-dimensional တွေ စတဲ့
ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလိုဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာ
ဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို အရသာမျိုး၊
တစ်ခုခုကြည့်စရာရှိနေစေချင်လိုပါတဲ့။
ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။
ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီး
ဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊
Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ…

ဇာတ်ကားလင့်
https://t.me/c/2186686827/216

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image