“စည်းကမ်းအကြိမ်ကြိမ်ဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းများကို ယာဉ်မောင်းနှင်ခွင့် ရာသက်ပန်ပိတ်မည်”
(ပြည်တွင်း) ဧပြီ ၈
ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းဖောက်ဖျက်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့တဲ့ YBS ယာဉ်မောင်းများအား YBS ယာဉ်မောင်းနှင်ခွင့် Smart Card ကိုပိတ်သိမ်းသွားမှာဖြစ်ပြီး ရာသက်ပန် YBS ယာဉ်မောင်းနှင်ခွင့် မရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှသိရပါတယ်။YRTC အနေနဲ့ စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းများကို ပြစ်ဒဏ်ချမှတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ မီးနီ ၃ ကြိမ်ဖြတ်မောင်းခြင်း၊ ဘေးတံခါးဖွင့်မောင်းခြင်း၊ ယှဉ်ပြိုင်ကျော်တက်ခြင်းစတဲ့ ပြစ်မှု များကို အကြိမ်ကြိမ်ကျူးလွန်သည့် YBS ယာဉ်မောင်းများကို YBS မောင်းနှင်ခွင့် Smart Card ပိတ်သိမ်းသွားမှာ ဖြစ်သလို YBS ယာဉ်များကိုလည်း မောင်းနှင်ခွင့်လုံးဝခွင့်ပြုတော့မှာ မဟုတ်ကြောင်း သိရပါတယ်။
လက်ရှိမှာ YBS ယာဉ်မောင်းများကို ဘေးတံခါးများဖွင့်ကာ မမောင်းနှင်ကြရန် အသိပေးစတေကာများကို ကပ်ထားပေးခြင်း၊ ခရီးသည်များနှင့်သက်ဆိုင်သည့် စတေကာများကိုလည်း တံခါးအဆင်းအပေါက်မှာ ကပ်ထားပေး ခြင်းများအပြင် ယာဉ်ယှဉ်ပြိုင်ကျော်တက်ခြင်းကို အသိပေးတဲ့အနေနဲ့ YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော် တက်ခြင်းမပြုရစာတန်းပါ စတေကာများကို ကပ်ထားပေးကာ သတိပေးစတေကာများနဲ့ အသိပေးထားပါတယ်။
