ခင်ပွန်းဖြစ်သူနဲ့အတူ မန္တလေးသို့ကိုယ်တိုင်တက်ပြီး ဆေးရုံတွေမှာ လိုက်လံလှူဒါန်းနေတဲ့ ဝတ်မှုန်ရွှေရည် ❤️
မန္တလေးက အရိုးဆေးရုံမှာ သွားရောက်လှူဒါန်းနေတာဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာပဲ ခင်ပွန်းသည်နဲ့အတူ မန္တလေးသို့ တက်လာပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဘုန်းဘုန်းတွေနဲ့ ပြည်သူတွေကို မနားမနေ ကူညီလှူဒါန်းနေတာ တွေ့ရပါတယ်။ ဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံဟာ ငလျင်ဘေးစကြုံရတည်းက သိန်းရာချီလှူဒါန်းနေခဲ့တာဖြစ်ပါတယ်။ ယခုတခေါက်မှာတော့ သူမကိုယ်တိုင် မန္တလေးသို့လာရောက်ခဲ့တာကို တွေ့ရပါတယ်။
