1 ပတ် - ဘာသာပြန်ပါ။

Askati တောအုပ်မှာ ရှိတဲ့ လူမျိုး‌တွေဟာ LOD မှာ
အကြာ‌ဆုံး နေထိုင်ခဲ့ကြတဲ့ လူမျိူးစုတွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ Crow ဘုရင် Osana ရဲ့ ထိန်းချုပ်မှု့ အောက်မှာ နေထိုင်ကြပြီး ကောင်းကင် မှော်အတက်‌‌ကို တက်မြောက် ပိုင်ဆိုင်ကြပါတယ်။
PHARSA ဟာ ထို Crow Clan ရဲ့ မင်းသမီးလေးတစ်ပါးဖြစ်ပြီး သူမကတော့ အခြားသူနဲ့မတူတဲ့ သွေးမျိုးနွယ်နဲ့ မွေးဖွားလာတာဖြစ်ပြီး ထိုသွေးနဲ့မွေးဖွားလာသူဟာ ဘယ်သူနဲ့မှ မတူတဲ့ စစ်မှန်တဲ့စွမ်းအား ရရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။သို့ပေမဲ့လည်း ဘယ်သူမှ ဒီစွမ်းအား ပေါ်ထွက်လာအောင် လုပ်နိုင်တဲ့ နည်းကို မသိကြပါဘူး။
ဒီလိုနဲ့ Pharsa အသက် 23 နှစ်အရွယ်ရောက်တဲ့အခါ
သူမရဲ့ မင်္ဂလာပွဲကို ကျင်းပ‌‌ပါတော့တယ်။ ဒါပေမဲ့ အဲ့နေ့မှာပဲ Alice က Pharsa တို့နေထိုင်တဲ့ Askati
တောအုပ်ကို ဝင်ပြီး ဖျက်ဆီးပါ တော့တယ်။ ထို့နောက် Pharsa ဟာ များစွာတဲ့ Crow လူမျိုး‌တွေရဲ့ဘဝအဆုံးသတ်လိုက်ပေးတဲ့ Alice ကို မြင်ပီးတဲ့ နောက်
Pharsa ရဲ့ ခေါင်း ပေါ်မှာ ဆောင်းထားတဲ့ Osana ရဲ့ သရဖူ ဟာ မြေပေါ်ကို ကျသွားပြီး Power Awaken
ဖြစ်ကာ Pharsa ရဲ့ ပုံသဏ္ဏန်ဟာ ပြောင်းလဲသွားပြီး Alice ကို ရှိသမျှအစွမ်းနဲ့ တိုက်ထုတ်ပါတော့တယ်။ ( Power Awaken ဖြစ်ပုံကို
Pharsa ရဲ့ Ult သုံးပုံကို ကြည့်ပီး သိနိုင်ပါတယ်)
Power Awaken ဖြစ်သွားတာမို့ ဆံပင်တခြမ်း အဖြူရောင်ဖြစ်သွားကာ မျက်လုံး တစ်စုံတို့ဟာလည်း အလင်းမဲ့ သွားရရှာပါပြီ။ ထိုဖြစ်ရပ်ကို မြင်လိုက်ရတဲ့ Pharsa နဲ့ လက်ထက်ရမဲ့သူ Verri ဟာလည်း သူချစ်ရသူကို
ဒီလိုမဖြစ်စေချင်တာမို့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားကို သုံးပြီး ကိုယ့်ကိုယ်ကို ကျီးကန်း တစ်ကောင်အဖြစ် ပြောင်းကာ သူ့မျက်လုံးတွေကနေ တဆင့် Pharsa ကို အမြင်အာရုံတွေ မျှဝေးခဲ့ပါတယ်။
Pharsa ကတော့ သူမရဲ့ စွမ်းအားတွကို awaken မဖြ‌စ်
စေချင်ခဲ့တဲ့အပြင် သူမရဲ့ ချစ်ရတဲ့သူနဲ့တိုင်းသူပြည်သားတွေကို အေးအးချမ်းချမ်းပဲ နေစေချင်ခဲ့တာပါ။သိူ့သော် စုန်းမတစ်ယောက်ဟာ သူမရဲ့ အိမ်မက်တွေကို အကုန်ဖျက်စီးသွားပါပြီ။
ဒါကြောင့်မို့ Pharsa ဟာ ထိုအတွက် လက်စားချေဖို့
အခွင့်အရေးကို စောင့်နေပါတော့တယ်။

image