လူတိုင်းက
စေတနာ နဲ့ ထိုက်တန်ပါတယ်
စေတနာကသာ လူတိုင်းနဲ့မထိုက်တန်တာပါ
မနေနိူင်လို့ကူညီတဲ့အခါ မျှော်လင့်ချက်နည်းပါစေ
မျှော်လင့်ချက်က လူကို မသတ်ပါဘူး
လူတွေရဲ့ ခန္ဓာကိုယ်ထဲက
လူသားဆန်တဲ့ စိတ်ကို သတ်လိုက်တာပါ။
ကိုယ့်ဘက်က စေတနာ သဒ္ဓါ တရား အပြည့်နဲ့
ကူညီပေးလိုက်ပေမဲ့
တစ်ဖက်သားရဲ့ အလိုက်မသိမူ့
မသိတက်မူ့ ကျေးဇူးကန်းမူ့ တွေကြောင့် ....
နောက်တစ်ခါ ဘယ်လို ဒုက္ခ မျိုးပဲရောက်ရောက်
ဒီလို လူမျိုးတွေကို မပက်သက်သင့် မကူညီသင့်တော့ပါလား ဆိုတဲ့
လူသားဆန်တဲ့ စိတ်က အလိုလိုနေရင်း
ကိုယ်တိုင်တောင် မသိပဲ
ပျောက်ဆုံးသွား ခဲ့ရ တာမျိုးဖြစ်သွားတယ်။
တချို့လူတွေ က
ပထမတစ်ခါ အလကား ကူညီရင်
ဒုတိယ တစ်ခါလဲ ထို့နည်း၎င်း လို့ပဲ ထင်တက်ကြတယ်။
ခင်ဗျား ကူညီလေ ပို လိုချင်လေ
ခင်ဗျား များများ ပေးနိုင်လေ ပိုကြိုက်လေပါပဲ။
ခင်ဗျား အခါတစ်ရာကူညီဖူးတာ
သူတို့သတိမရပေမဲ့
တစ်ခါ မကူညီဖူးတာက
သူတို့အတွက် မေ့မရတဲ့ အမှန်တရားပဲ။
အလကား မကူညီနိုင်တော့တဲ့ တစ်နေ့ ခင်ဗျားက စိတ်ဓာတ်မမှန်တဲ့ လူ..
အတ္တကြီးတဲ့ လူ လို့ အထင်ခံရလိမ့်မယ်။
ဒါကြောင့်
မနေနိူင်လို့ ကူညီချင်မိတဲ့အခါ
သူတို့ ကျေးဇူးကန်းတာကို
ငါ ခံနိုင်ပြီလား ပြန်မေးပါ။
မခံနိုင်ဘူး ဆိုရင်တော့
နဂိုထဲက ခင်ဗျား အလကား
မကူညီနိုင်အောင် ကြိုးစားပါ။
တချို့သော လူမူ့ရေး စိတ်ဓာတ်ညံဖျင်းသူများကြောင့် ကိုယ်ပိုင် စာရိတ္တ တော့
အပျက်စီးမခံပါနဲ့။
လူတိုင်းကို အခွင့်အရေး
တစ်ကြိမ်မကပေးနိုင်ပါတယ်
အကူညီတော့ အကြိမ်ကြိမ်မပေးနဲ့
ခင်ဗျား တန်ဖိုးမဲ့ သွားလိမ့်မယ် ။
ခင်ဗျား မကူညီနိုင်ဘူးဆိုတာ အစကတည်းက ပြတ်ပြတ်သားသား ငြင်းနိုင်တဲ့အထိ
ရင့်ကျက်ပြလိုက်စမ်းပါ။
