23 w - Translate

FX market မှာ အရောင်းအဝယ်လုပ်ကြတဲ့အခါ စျေးနှုန်းနဲ့ စျေးကွက်အနေအထားတွေရဲ့လားရာကို လေ့လာသုံးသပ်နည်း ( 3 ) မျိုးရှိပါတယ်။

● Technical Analysis (TA) - နည်းပညာဖြင့် ခန့်မှန်းသုံးသပ်ခြင်းနည်းလမ်းမှာ price charts ပေါ်ရှိ သတင်းအချက်အလက်များကိုအသုံးပြုပြီး စျေးကွက်အခြေအနေကိုလေ့လာမှုပြုလုပ်တာဖြစ်ပါတယ်။

● Fundamental Analysis (FA) - ကမ္ဘာ့စီးပွားရေး၊ ပထဝီဝင်နိုင်ငံရေးအခြေနေစတဲ့ ပြင်ပကရိုက်ခတ်မှုတစ်စုံတစ်ရာကြောင့် မိမိအရောင်းအဝယ်လုပ်တဲ့ asset ရဲ့ စျေးနှုန်းအပေါ်သက်ရောက်မှုတွေကို လေ့လာသုံးသပ်တဲ့နည်းလမ်းဖြစ်ပါတယ်။

● Sentimental Analysis (SA) - စျေးကွက်ထဲ အရောင်းအဝယ်ပြုလုပ်ကြသူများရဲ့ စျေးကွက်အပေါ်ဖြစ်ပေါ်နေတဲ့ ယေဘုယျခံစားချက်( Feeling ) နဲ့ပတ်သတ်ပြီး ဆက်နွယ်သုံးသပ်မှုပြုလုပ်တာဖြစ်ပါတယ်။

Analysis types 3 မျိုးလုံးကို Trading Business လုပ်ကိုင်လိုသူတိုင်းသိရှိနားလည်ဖို့လိုအပ်ပြီး future prices ကိုခန့်မှန်းရာမှာ အထောက်ကူဖြစ်စေမည့် အခြေခံကျသောနည်းလမ်းတွေပဲ ဖြစ်ပါတယ်။