1 ပတ် - ဘာသာပြန်ပါ။

Positive thinking လို့ဆိုလိုက်ရင် အကောင်းမြင်ဝါဒလို့ လူတိုင်းက သိကြ..နားလည်ထားကြတယ်
အကောင်းမြင်စိတ်ထားပါ
ကောင်းတာတွေတွေးပါ..ဆိုရင်
အမြဲတမ်းတော့..အကောင်း..
ဘယ်မြင်နိုင်ပါ့မလဲ..လို့တွေးကြတယ်
ဒီလိုတွေးမိကြတယ်ဆိုတာ
Power of Positive Thinking
အကောင်းမြင်စိတ်ရဲ့ စွမ်းအားကို..နားမလည်ကြသေးလို့ဖြစ်ပါတယ်..
အကောင်းမြင်စိတ်ထားလိုက်တယ်ဆိုတာ..
လူတွေရဲ့ စိတ်ကို အားအင် ချိနဲ့သွားစေတဲ့ အကြောင်းတစ်ခု မဟုတ်ပါဘူး
ဘယ်သူတွေ ဘာလာပြောပြော..
လာတွေလုပ်လုပ်..
လုံး၀ မငြင်းဆန်နိုင်ဘဲ..
နားလည် ခွင့်လွှတ်ပေးလိုက်ဖို့..မဟုတ်ပါဘူး..
ဘ၀မှာ..ဘာတွေဖြစ်လာလာ
ကံတရားကိုပုံချပြီး..
အရာရာကို လက်မြှောက် အရှူံးပေးလိုက်တာမျိုး မဟုတ်ပါဘူး..
တကယ်တော့ အကောင်းမြင်စိတ်ဟာ..ခွန်အားကြီးတဲ့စိတ်ဖြစ်ပါတယ်..
Powerful ဖြစ်ပါတယ်..
ကုသိုလ်စိတ်ဖြစ်ပါတယ်
အကောင်းမြင်စိတ်ရှိတဲ့သူဟာ
သေးတဲ့
ပြသနာတွေကို ကြီးလာအောင်..မလုပ်တော့ပါဘူး..
အဲ...ဘာမဟုတ်တာတွေနဲ့..ပြသနာလည်းမရှာတော့ပါဘူး..
ဒေါသမပါတဲ့အခါ
အပြစ်တင်ဝေဖန်မှုတွေမပါတဲ့အခါ
ပြသနာကို သေချာ ဖြေရှင်းနိုင်သွားတယ်..
ဖြစ်ခဲ့ပြီးတာကိုပဲ မပြီးနိုင်မစီးနိုင် အပြစ်တွေတင်နေတာ..အလုပ်မဖြစ်ဘူး..ရှေ့ဆက်ဘာမှလုပ်လို့မရတော့ဘူး..
လူတွေနဲ့ဆက်ဆံတဲ့အခါ..
ကိုယ့်တန်ဖိုးကို ကိုယ်သိပါတယ်
ကိုယ့်ရပ်တည်မှုကို ကိုယ်သိပါတယ်..
ငြင်းခုံနေတာ..ရန်ဖြစ်နေတာ..တွေမလုပ်တော့ပါဘူး..
ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါဘူး
မဝေဖန်တော့ပါဘူး..
ဒါပေမဲ့..လူတွေကို သုံးသပ်တတ်လာတယ်
လူတွေဆီက..
သင်ခန်းစာတွေယူတတ်လာတယ်..
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရှိလာတယ်
Mood ပိုကောင်းလာတယ်
အဆင်မပြေတာတွေကြားထဲမှာ..အဆင်ပြေအောင်နေနိုင်တာဟာလည်း..အကောင်းမြင်ဝါဒပဲဖြစ်ပါတယ်..
မပြည့်စုံတာတွေအများကြီးထဲမှာ..ပြည့်စုံအောင် နေနိုင်ခဲ့တာ..အကောင်းမြင်လို့ပဲဖြစ်ပါတယ်..
ပြသနာမရှိတာမဟုတ်ဘဲ..ပြသနာတွေကိုဖြေရှင်းနိုင်မယ်လို့ ယုံကြည်တာ Positive Thinking ပါပဲ..
ဒုက္ခတွေကြားထဲမှာ..ချမ်းသာအောင် နေနိုင်တာလည်း အကောင်းမြင်တတ်တဲ့သူတွေပါပဲ..
ဘယ်လိုအာရုံတွေပဲလာလာ
ကုသိုလ်စိတ်ဖြစ်အောင်နေတတ်တာဟာ Positive Thinking ဖြစ်ပါတယ်
ကောင်းတဲ့အတွေးတွေကို တွေးလေ့ရှိတဲ့သူတွေအတွက်..ကောင်းတာတွေပဲရောက်လာတတ်ပါတယ်..
ဆိုးတာတွေပဲ တစ်ချိန်လုံး တွေးနေရင်
ဘ၀ကို ကြည့်မြင်တဲ့ outlook ကိုက ဆိုးတဲ့ဘက်ကိုသာ မြင်လာပါတယ်..
အဲဒီအခါမှာ
အဆိုးတွေပဲကြုံလာတတ်ပါတယ်
အတွေးတွေကနေ အလုပ်တွေဖြစ်လာပါတယ်
အလုပ်တွေကနေ အကျင့်တွေဖြစ်လာပါတယ်..
Positive thinking ဆိုတာ ပြုစုပျိုးထောင်ယူလို့ရတဲ့အရာဖြစ်ပါတယ်..
ကျွန်မလည်း အမြဲကြိုးစားနေရပါတယ်..
အကောင်းမြင်စိတ်မွေးတတ်ပါစေ..
မွန်ဟော်စီ
၂၀၂၀
#monhalsey
#balancewheeloflife
#morningvitamins
#powerofpositivethinking
Photo
Capture

image