လူမျိုးဘာသာမရွေးစားသုံးနိုင်သော ကျန်းမာရေးနဲ့ညီညွတ်တယ့် ပဲသီးသုပ်🫛🫛
ပဲသီး(၂)စီးကို သေးသေးလေး လှီးပါ🔪🫛
ကြက်သွန်နီ၂လုံးလောက်ကို လှီးပြီး မွှာပါ🧅
မြေပဲဆံလက်တစ်ဆုပ်စာလောက်ကို ကြေညက်အောင် ထောင်းပါ🥜🥜
ပုစွန်ခြောက်၂ကျပ်သားခန့်လောက်ကို ရေစိမ်ပါ (၂မိနစ်လောက်သာ)🍤
ရေစိမ်ပြီးပါက ပုစွန်ခြောက်ကို ထောင်းပေးပါ🍤
သံပုရာသီးအသေး တစ်လုံးလောက်ကို သုံးနှုန်း လှီးပါ🍋🟩
လှီးထားတယ့်ပဲသီးကို ရေနွေးပွက်ပွက်ဆူနဲ့ ၃မိနစ်ခန့်သာ ထည့်ပြုတ်ပေးပါ
ပြုတ်ပြီးသော ပဲသီး၊ထောင်းထားတယ့် ပုစွန်ခြောက်နဲ့မြေပဲဆံတို့ကို ထည့်ပါ
အရသာမှုန့်အနည်းငယ်၊အိုင်အိုဒင်းဆားအနည်းငယ်
ဆီစိမ်း အနည်းငယ်ထည့်ပါ
လှီးထားတယ့် သံပုရာသီးကို ညှက်ပါ
အကုန်လုံးကို သမအောင်မွှေနယ်ပါ
မွှေနယ်ပြီးတာနဲ့ ကျန်းမာရေးနဲညီညွတ်တယ့် လူမျိုးဘာသာမရွေး စားသုံးနိုင်တယ့် ပဲသီးသုပ်ကို ရရှိမှာပဲဖြစ်ပါတယ် အမျိုးတို့ရေ.......
