23 w - Translate

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန္တီးရယူပါ။

(4)တခါတေလ ငိုစရာရှိရင်
လူမရွိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တခါတေလ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့်
အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။

(8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(1လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင်
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမွန္တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13)အမွား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖွစျလာခဲ့ရတာပါ။

အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ္မမွားဖို့
အမွားထဲမွာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။

(14)လူလူချင်းစာနာတတ်သူ..
စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အျခားမဟုတ္ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမွာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ္ဘက္လူရဲ့မ်က္လုံးကို ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရွိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။

(2သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကေတာ့ အဓိကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်

image