1 w - Translate

The Undertaker (2023)

“သုဘရာဇာ” သိုမဟုတ် ” နာရေးစီစဉ်သူ ”
Horror ရသအပြည့်နဲ့ Chill ချင်တဲ့ သူတွေကို ထိုင်းရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ The Undertaker ( နာရေးစီစဉ်သူ)ဆိုတဲ့ သဘာဝလွန်ဇာတ်လမ်းကောင်းလေးကို တင်ဆက်လိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်တွေထဲကတစ်ကားဖြစ်ပြီးတော့ ထိုင်းရုပ်ရှင်ဒါရိုက်တာအဖွဲအစည်းက ပေးအပ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုပါ ရရှိထားပါတယ်။
ဇာတ်လမ်းကတော့….
နမ်ခွန်ကျေးရွာလေးမှာ ရွာရဲ့နာရေးတွေကို မြေမြုပ်နေရာချပေးရတဲ့ နာရေးစီစဉ်သူ(သုဘရာဇာ) Sak ဆိုတဲ့အဖိုးကြီးတယောက်ရှိပြီးတော့
တစ်နေ့မှာတော့ သူ့နေရာကို သူ့သားက ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးဖို အကြောင်းဖန်လာပါတယ်…
သူ့သားတော်မောင် ဂျိုးဆိုတဲ့ကောင်လေးက မြိုကနေ ဉပဒေဘွဲရခဲ့တဲ့ ခေတ်ပညာတတ်ဖြစ်ပြီးတော့
သူ့အဖေအလုပ်ဖြစ်တဲ့ နာရေးကိစ္စတွေကိုဝင်ကူနေရပေမယ့် သရဲလဲကြောက်တတ်ပါတယ်။
တိုက်ဆိုင်စွာပဲ အဲ့ရွာကကိုယ်ဝန်သည်မလေးတယောက်ဟာ ဘာမှန်းမသိတဲ့အကြောင်းရင်းတခုနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပြီးနောက်မှာ
သရဲမအဖြစ်နဲ့ တရွာလုံးကို လိုက်လံခြောက်လှန့်တဲ့အခါမှာတော့ ဂျိုးတိုတသိုက်နဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာ….။

image