23 w - Translate

Low Buy / High Sell.
အနိမ့်စျေးမှာဝယ်.
အမြင့်စျေးမှာရောင်း
အရမ်းကောင်းတဲ့နည်းလမ်းလေး...
သို့သော်.
ဘယ်စျေးကအနိမ့်စျေး.ဘယ်စျေးကအမြင့်စျေးဆိုတာ
သိအောင်ဘယ်လိုလုပ်ရပါ့..
Technical Analysis အရ.
တစ်ရက်စာ တစ်ပတ်စာ တစ်လစာ
ရောက်ခဲ့ပြီးတဲ့
အနိမ့်စျေး.အမြင့်စျေးရယ်လို့ အကြမ်းမျဉ်းသိနိုင်အောင်
Support & Resistance မျဉ်းတွေနဲ့ ပုံဖော်ကြပေမဲ့
အမြဲတစေ ဒီနေရာရောက်ရင်တော့
ပြန်ကန်ပေးရမယ် ပြန်ဆင်းပေးရမယ်လို့
ပုံသေကားချပ်ပြောနိုင်ဖို့ရာ
သူတို့ခမျာလည်း မတတ်နိုင်ရှာ...
ထားပါတော့ ပြောချင်တာက TA အကြောင်းမဟုတ်တော့
အားကောင်းတဲ့နေရာ.အားနည်းတဲ့နေရာ
ရှာပုံရှာနည်းတွေရှိကြောင်း ငြင်းမနေတော့ပါဘူး ။

စျေးကွက်ကြီးရဲ့အရွေ့သဘောက
လူတွေရဲ့ကြောက်စိတ် လောဘစိတ်တွေနဲ့
မောင်းနှင်နေတာ ဖြစ်ပါတယ်။
အမြင့်စျေးမှာရောင်းနိုင်ဖို့ အနိမ့်စျေးမှာဝယ်နိုင်ဖို့အတွက်ဆိုရင်
လူတွေရဲ့စျေးကွက်အပေါ်မှာထားတဲ့
စိတ်နေသဘောထားကိုလည်း
တီးမိခေါက်မိလေးရှိဖို့လိုလာတာပေါ့ဗျာ။
ဒါဆို အများစုရောင်းလို့ စျေးတွေထိုးကျနေတဲ့အချိန်
ဝယ်လိုအားမရှိသေးလို့ ထပ်ကျဦးမယ်လို့
ပြောနေကြချိန်မှာ ကိုယ်ကအရဲစွန့်ပီး
အဝယ်ဘက်မှာနေလိုက်မယ်ဆိုရင်
အနိမ့်စျေးမှာဝယ် အမြင့်စျေးမှာရောင်းလိုက်ပီ.
Low buy High Sell သီအိုရီထဲဝင်သွားပီဆိုပါစို့
စတော့လောကထဲမှာ ပြောနေကျ
ကျား စီးတယ် (အန္တရယ်များတာကိုပြောလိုဟန်တူပါတယ်)
စီးလိုက်ပီပေါ့..
သူလိုကိုယ်လို ကျားစီးသူတွေရှိနေတဲ့အချိန်
အကြောင်းမဟုတ်ဘူး..
ကိုယ်တစ်ကောင်တည်းယောင်လည်လည်နဲ့
စီးမိတဲ့အချိန်မှ သောက်ပြသနာ.
ပြောထားတာကိုက လူအုပ်ကြီးနောက်လိုက်ပါလို့
ပြောကြတာကိုးဗျ ကိုယ်ကသာဘဝင်ရူးရူးပီး
ကျားတက်စီးတာကိုး ခံရတော့မပေါ့လေ ..

ဒါဆိုမစီးရတော့ဘူးလား?
No...စီးကိုစီးရမယ်
ဘယ်လိုတက်စီးမလဲဆိုတာလေးပဲ
ခေါင်းသုံးဖို့လိုပါတယ်။
သုံးပုံသုံးနည်းကတော့ နောက်တစ်ပိုင်းပေါ့ဗျာ 😊