23 w - Translate

“ သွေးသစ်ဝိုင်းဝိုင်းလည် “
.........................................

၂၀၂၄ ခုနှစ်ရဲ့ လေးလပိုင်း အကုန်ထိ မှတ်တမ်းတွေအရ သွေးသစ်ဝင်းလှိုင်ဟာ နောင်တချိန် ချန်ပီယံ ဖြစ်မယ့် လူငယ်လေး ကျော်စွာဝင်း နဲ့ပွဲ အပါအဝင် ၄ လ အတွင်း ၄ ပွဲတိတိ ယှဥ်ပြိုင်ပြီး ဖြစ်ပါတယ်။

ဒါဟာ ၁ လကို ၁ ပွဲနှုန်း ဖြစ်ပြီး နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်ရင်တော့ ပရို တစ်ယောက်အတွက် ပွဲတွေ စိပ်လွန်း နေတာပါ။

ဒါ့အပြင် သွေးသစ်ဟာ လာမယ့် ၂ လ အတွင်း ဝိတ်တန်းတူ ဖိုက်တာနဲ့ ONE မှာ ပွဲထိုးဖို့ ရှိနေပါတယ်။

ONE မှာ ပွဲထိုး ပြီးရင်လည်း နောက်ထပ် ONE မှာပဲ ဝိတ်တန်းတူ ဖိုက်တာတွေနဲ့ ပွဲဆက်တွေ ဆက်တိုက် ထိုးဖို့ ရှိသလို TGL လို ပြည်တွင်း နာမည်ကြီး ပရိုမိုးရှင်းကြီးတွေကလည်း သွေးသစ်သာ အချက်ပြလိုက်ရင် ဝိတ်တန်းတူ ဖိုက်တာတွေနဲ့ တွဲဆိုင်းကောင်းတွေနဲ့ ပွဲတည်ပေးဖို့ အသင့် စောင့်နေကြပါတယ်။

အနောက်တိုင်း နာမည်ကြီး ပရိုမိုးရှင်းကြီး ၂ ခု ကလည်း ပညာအားပြု ကစားတဲ့ သွေးသစ်ကို သူတို့ဆီမှာ sparring လာကစားပြဖို့ ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ လုပ်ထားပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်အတွင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးပွဲတွေ၊ သီတင်းကျွတ် ပွဲတွေ၊ ကရင် နှစ်သစ်ကူး ပွဲတွေ၊ ဘုန်းကြီး ပွဲတွေကိုလည်း မဖြစ်မနေ ထိုးပေးရအုံးမှာပါ။
ဒီပွဲတွေကို မထိုးပေးရင် ဆရာတော်ကြီးတွေက ကြိမ်လုံးနဲ့ ဗျင်းမှာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ သွေးသစ်ဟာ စီတန်းနေတဲ့ ပွဲစဥ်တွေနဲ့အတူ အလွန် အလုပ်များနေပြီး သွေးသစ်နဲ့ ယှဥ်ပြိုင်ခွင့် ရဖို့ စီတန်း စောင့်နေသူတွေလည်း များစွာ ရှိနေပါသေးတယ်။

ဖြစ်နိုင်ရင် ၃ ကိုယ်လောက် ခွဲလိုက်မှပဲ သွေးသစ်အနေနဲ့ ပွဲအားလုံးကို ထိုးနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

သွေးသစ်ဝင်းလှိုင် ဆိုတဲ့ နာမည် အစား ယှဥ်ပြိုင်ချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ သွေးသစ်ဝိုင်းဝိုင်းလည် လို့တောင် နာမည် ပြောင်းရမလို ဖြစ်နေပါပြီ။

ပရိတ်သတ် အသိအမှတ်ပြုထားတဲ့ ချန်ပီယံ တစ်ယောက်ဖြစ်ရတဲ့ ဒုက္ခကလည်း မသေးလှပါဘူး။
..

စိုးနေ့သစ်
Credit

image