23 w - Translate

မင်းရဲ့ အထီးကျန်မှုကြောင့် မင်းကိုထားခဲ့တဲ့ Relationship ဆီ ပြန်သွားစရာမလိုဘူး...
မင်းကို မလိုချင်တဲ့ အပေါင်းအသင်းတွေဆီကိုလည်း ပြန်မသွားပါနဲ့...

ကိုယ့်ကိုမလိုချင်တော့တဲ့ ရပ်ဝန်းကို ထပ်ပြီး ခြေလှမ်းမတိုးပဲ လှပသော ရပ်ဝန်းအသစ်ဆီကိုပဲ လျှောက်လှမ်းပါ...
သိထားရမှာက-
မင်းက အထီးပဲ ကျန်တာပါ...ဆက်ပြီး မိုက်မဲရမှာမဟုတ်ဘူး...

အထီးကျန်မှုကြောင့် မင်းအပေါ်မကောင်းခဲ့တဲ့ ဆက်ဆံရေးတွေဆီပြန်သွားရင် မင်းရဲ့အထီးကျန်မှုကိုပဲ ထပ်ပြီးရူးသွပ်သွားစေလိမ့်မယ်...
အစပိုင်းကောင်းပေမယ့် နောက်ပိုင်းကျရင် သံသယစိတ်နဲ့ ပိုအထီးကျန်နေရမှာပါ...

Toxic Relationship ဆီပြန်သွားမလား...
ပိုပြီးကောင်းတဲ့ ဆက်ဆံရေးတစ်ခုကိုရှာဖွေတည်ဆောက်မလားဆိုတာ...မင်းပဲ ဆုံးဖြတ်ရမှာပဲ...
ဘယ်အရာမဆိုမင်းရဲ့ ရွေးချယ်မှုကအရေးကြီးဆုံးပါပဲ...