23 w - Translate

ဘာမှမရှိချိန်မှာတောင် လက်တွဲမဖြုတ်တာကို
မေတ္တာစစ်လို့ခေါ်တယ်။

ကိုယ့်ဘက်ထက် သူ့ဘက်ကိုပိုတွေးပေးတာကို
ဖေးမမှုလို့ခေါ်တယ်

ပြဿနာတွေတက်တိုင်း အလျှော့ပေးတတ်တာကို
သည်းခံမှုလို့ခေါ်ပြီး
အမှားလုပ်မိလို့ တေးမှတ်မထားတာကို
သဘောထားကြီးတယ်လို့ခေါ်ပါတယ်။

အမှန်တော့ မေတ္တာစစ်တယ် သည်းခံတတ်တယ်
ဖေးမတတ်ပြီးသဘောထားကြီးတယ်ဆိုတာတွေက
ယောက်ျားလေးဖြစ်ခြင်း မိန်းကလေးဖြစ်ခြင်းနဲ့လည်းမဆိုင်ဘူး
တစ်ဖက်လူအပေါ် တကယ်တန်ဖိုးထားခြင်း
မထားခြင်းနဲ့ပဲဆိုင်ပါတယ်။

အချိန်တွေက ပြောပြသွားမှာပါ
ကိုယ့်အပေါ် ဘယ်သူသစ္စာရှိ/မရှိဆိုတာ
အခက်အခဲတွေက ခွဲခြားပေးသွားမှာပါ။

ကိုယ့်အပေါ် ဘယ်သူအနွံတာခံမခံဆိုတာ
အဆင်မပြေမှုတွေက သိသာသွားစေမှာပါ။

ကိုယ့်ဘေးမှာ ဘယ်သူရှိချင်မရှိချင်ဆိုတာ
သိပ်ပြီး ဝမ်းမနည်းပါနဲ့။
နာကျင်ဖွယ်အချိန်တွေ စိတ်ပျက်စရာအခက်အခဲတွေနဲ့
အသက်ရှုကြပ်လောက်စရာ အဆင်မပြေမှုတွေဟာ
ဘဝရဲ့စမ်းသပ်ချက်တွေပါပဲ။

ဒီဒုက္ခတွေ ကြုံလာတဲ့အခါ
ကိုယ့်အပေါ် တကယ်မေတ္တာမစစ်တဲ့သူတွေဆိုရင်
ကိုယ့်ဘေးမှာ ကြာကြာနေနိုင်မှာ မဟုတ်ပါဘူး။

image