30 w - Translate

ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide) စုပ်ယူမှု အများဆုံးအပင်တွေက ဘာ‌ပင်တွေဖြစ်မလဲ ?

မြန်မာနိုင်ငံရာသီဥတုနဲ့ ဘယ်အပင်တွေ စိုက်သင့်သလဲ?

Which plants absorb the most CO2?

ဆိုတော့ကာ အလျင်မလိုပဲနဲ့ဖြည်းဖြည်းချင်းပဲ step by step လေ့လာကြည့်ရအောင်ပါ။

ကျွန်မတို့အများစုသိထားတာကတော့ အပင်တွေကနေ့ခင်းဘက်မှာပဲ CO2ကိုစုပ်ယူပြီး ညဘက်ဆိုရင်တော့ရပ်နားလိုက်ကြပါတယ်။
ဒါပေမယ့် ညဘက်မှာမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူတဲ့ အပင်တွေရှိပါတယ်။ ဒီလိုဆိုလို့တစ်ခါမှမမြင်ဖူးမတွေ့ဖူးတဲ့ထူးခြားတဲ့အပင်တွေလို့မထင်ကြပါနဲ့ ။ကျွန်မတို့ပတ်ဝန်းကျင်မှာမြင်တွေ့နေကြထဲတွေကပါပဲ။
နဂါးစက်ဂမုန်း(Snake plant),Orchid သစ်ခွ,Aloe Vera ရှားစောင်းပင်,Jade plant ငွေဝင်ပင်,Tulsi ပင်စိမ်းပင်,Areca plant အုန်းပွားပင်,ZZ plant ကျောက်စိမ်းဧကရာဇ်,Spider plant အစရှိတာတွေပါဝင်ပါတယ် ။ ဒါကြောင့်ဒီ indoor plantတွေကို တိုက်ခန်းတွေရုံးခန်းတွေမှာအထားများကြခြင်းပဲဖြစ်ပါတယ်။
ဒါတွေအပြင်ကို oxygenကို 24hrလုံးထုတ်ပေးတဲ့အပင်လည်းရှိပါသေးတယ်။ အမှန်ပါပဲဒီအပင်တွေကလည်းပဲ မြင်နေတွေ့နေကြပါပဲ။
Peepal treeလို့ခေါ်တဲ့ ညောင်ပင်တွေ,Neem treeလို့ခေါ်တဲ့ တမာပင်တွေ,သ​ေင်္ဘါတည်ပင်လို့ခေါ်တဲ့Ashoka treeတွေ အစရှိတာတွေပါပါတယ်။
CO2ကိုစုပ်ယူနိုင်တာနဲ့ oxygenများများထုတ်ပေးနိုင်တယ်လို့တော့ မမှတ်ထားစေလိုပါဘူး .. အခုနောက်ထပ်CO2အစုပ်ယူနိုင်ဆုံး အပင်အနည်းငယ်ကိုပြောပြပေးပါမယ်။
Paulownia Tomentosa
အလူမီနီယံကျွန်းပင် ဒန်ကျွန်းပင် လို့လူသိများတဲ့ ဒီအပင်ကလည်းပဲ ပုံမှန်အပင်တွေထက်ပိုပြီးတော့ CO2ကိုဆယ်ဆပိုပြီးစုပ်ယူနိုင်ပါတယ်။ အကြီးလည်းမြန်တဲ့သစ်မာပင်ဖြစ်တာကြောင့် 5နှစ်သက်တမ်းလောက်ဆိုရင် အပင်ကကြီးပြီးအရိပ်ပါရတဲ့အခြေအနေဖြစ်နေပါပြီ။

နောက်ထပ်လူပြောများတဲ့မေးခွန်းတစ်ခုရှိပါသေးတယ်။အဲ့တာက Bamboo ဝါး က အပင်တွေထက်စာရင် CO2ပိုစုပ်နိုင်တာလား?ဆိုတာပါပဲ ။ One hectare of Bamboo တောအုပ်လေးတစ်ခုက တစ်နှစ်ကို CO2 60tonsအထိစုပ်ယူနိုင်ပါတယ်။ ဒါ့အပြင်ဝါးပင်တွေက Speciesအပေါ်မှာမူတည်ပြီးတော့ စုပ်ယူနိုင်စွမ်းကပိုကောင်းတာတွေရှိပါတယ် ။
ဒါအပြင် မြေဆီလွှာတိုက်စားခြင်းကိုလည်းမဖြစ်အောင်ထိန်းသိမ်းပေးသလို မြေဆီလွှာကိုရေဓာတ်ပြည့်ဝစေသလို ပုံမပျက်အောင်နဲ့ အညစ်အကြေးရေတွေကိုစုပ်ယူပေးပါတယ်။ ဒါ့အပြင် ဝါးပင်တွေက ဘာပိုးthetဆေး မြေသြဇာမှမလိုတဲ့အတွက်ကြောင့် eco-friendlyဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပင်တွေက သက်တမ်းကရှည်ကြာတဲ့အပင်တွေမဟုတ်တာကြောင့် သူတို့တွေthayဆုံးတဲ့အခါကြရင်တော့ သိုလှောင်ထားတဲ့ CO2တွေကို ပြန်လည်ထုတ်လွတ်ပါတယ် ။ ဒါကိုကာကွယ်ဖို့ စိုက်ပျိုးပြီး ၄ ၅နှစ်အကြာမှာ ဝါးပင်တွေကိုရိတ်သိမ်းတာအကောင်းဆုံးပါ။ ဒါမှသာ materials တွေနဲ့ biomassထဲမှာ biogenic carbonအဖြစ်သိုလှောင်ထားတဲ့ CO2တွေရယ် ပင်စည်ရဲ့ဝါးသားတွေထဲမှာရှိတဲ့ CO2က materials တွေထဲမှာ ပိတ်မိနေမှာပါ။
ယခုပြောပြသွားတဲ့အထဲကအပင်ကြီးတွေက ကိုယ့်နိုင်ငံပတ်ဝန်းကျင်မှာမြင်နေတွေ့နေကြတွေပါပဲ ။ ဒီတမာပင် ညောင်ပင် ဝါးပင်တွေ ကနဂိုတည်းကကိုယ့်ဒေသမှသဘာဝပေါက်ရောက်တဲ့အပင်တွေမလို့ စိုက်ပျိုးရလဲအဆင်ပြေပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာကတော့ CO2အစုပ်ယူနိုင်ဆုံးအပင်တွေထဲကတစ်ပင်ဖြစ်တဲ့ ဝက်သစ်ချပင် ခေါ် Oak မျိုးစိတ်တွေက CO2အစုပ်ယူနိုင်ဆုံးလို့ပြောကြတဲ့ scientistsတွေ dataတွေကိုလည်းဖတ်ဖူးပါတယ်။
ကျွန်မတို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ နိုင်ငံမှာဆိုရင် သူ့နိုင်ငံမှာရှိတဲ့အပင်တွေထဲမှာCO2အစုပ်ယူအပေးနိုင်ဆုံးအပင်က ကျွန်းပင်ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
လုံးပတ် 10-30cm ရှိတဲ့ ကျွန်းပင်တစ်ပင်ဟာသူ့သက်တမ်းတလျှောက် 3.70 lakh tonnes of carbondioxide ပမာဏကိုစုပ်ယူနိုင်ပါတယ်။ ဒါကဗဟုသုတအနေနဲ့ထည့်ပြီးပြောပြတာပါ CO2အစုပ်ယူနိုင်ဆုံးအပင်တွေကတော့အများကြီးပါပဲ ။ ယေဘုယျအားဖြင့် သက်တမ်းလည်းကြာရှည်ပြီး အပင်ကြီးမျိုးလည်းဖြစ်တဲ့အပင်တွေဟာ CO2စုပ်ယူမှုမှာပိုကောင်းပါတယ်။ အထူးသဖြင့် သူတို့ရဲ့ရှည်ကြာတဲ့သက်တမ်းကြောင့်လို့ပြောရမှာပါပဲ..
ဒါ့အပြင် ဒီလိုအပင်တွေမှမဟုတ်ဘဲ မြက်ပင်လေးတွေကလည်းပဲ CO2ကိုစုပ်ယူပေးကြတာပါပဲ..
CO2ကိုစုပ်ယူပြီး limestone အဖြစ်ပြောင်းပေးတဲ့အပင်ကိုလည်း ဗဟုသုတအနေနဲ့ထည့်ပြောပေးသွားပါ့မယ်။
ကျွန်မတို့နိုင်ငံမှာ ပေါက်ရောက်တဲ့အပင်တော့မဟုတ်ပါဘူး။ ဒီအပင်ကလည်းသူ့ရဲ့ကောင်းကျိုးတွေကြောင့် near threatenedဖြစ်နေပါပြီ ..
Iroko tree(Milicia excelsa)လို့ခေါ်တဲ့ဒီအပင်ဟာ African tropical treeတစ်မျိုးဖြစ်ပြီး သူ့ရဲ့ထူးခြားတဲ့အချက်က CO2ကိုစုပ်ယူပြီး သူ့ရဲ့ limestone အဖြစ်ပြောင်းလဲဖြစ်နိုင်တာပါပဲ အပင်ကမြေကြီးထဲက minerals တွေအပြင် carbondioxideတွေကိုပါ စုပ်ယူပြီး အဲ့တာတွေကို calcium oxalateပုံစံနဲ့သူ့အထဲမှာ သိမ်းဆည်းထားပါတယ်.. ပြီးတဲ့အခါမှာတော့ အဲ့ဒီcalcium oxalate crystalsတွေကမြေဆီလွှာထဲကို limestone ပုံစံအဖြစ်နဲ့ကူးပြောင်းသွားပါတယ် ။ ဒီလိုဖြစ်စဉ်ကြောင့်များစွာသောအကျိုးကျေးဇူးတွေကို သူ့အပြင်ပတ်ဝန်းကျင်ကအခြားအပင်ကိုပါရရှိစေပါတယ် ။ သူ့ပတ်ဝန်းကျင်ကအပင်တွေကို photosynthesis ပိုကောင်းစေသလို တောမီးလောင်တဲ့အခါမျိုးမှာ အပင်တွေကိုခံနိုင်ရည်ပိုမြင့်စေပါတယ်။
ဒီလောက်ဆိုရင်တော့ ဗဟုသုတနည်းနည်းလောက်ကိုအကြမ်းဖြင်းအားဖြင့်ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
နိဂုံးချုပ် အနေနဲ့ကတော့ အပင်တွေစိုက်တာတစ်ခုလေးနဲ့ပဲ အပူချိန်တွေ ရာသီဉတုဖောက်ပြားတာတွေကို ကာကွယ်လို့မရပါဘူး။ ဂေဟစနစ်ကြီးမပျက်စီးအောင် အလွန်အကျွံထုတ်ယူသုံးစွဲမှုတွေကိုလျော့ချရမယ် ကိုယ်ရဲ့နေ့စဉ်ဘဝမှာလည်း ပလတ်စတစ်အသုံးနဲ့ green house gasတွေထွက်လာနိုင်တဲ့အသုံးတွေကိုလျော့မယ် သဘာဝသယံဇာတတွေကိုလည်း မဖြစ်မနေလိုအပ်သလောက်ပဲထုတ်ယူသုံးစွဲတာတွေလုပ်ရပါမယ် ပတ်ဝန်းကျင်ကိုအဆိပ်အတောက်ဖြစ်စေပြီး ဂေဟစနစ်ကိုပျက်ဆီးစေမဲ့လုပ်ရပ်တွေကိုမလုပ်ဖို့အတွက်လည်းအထူးသတိပြုပေးကြပါ အားလုံးအတူတူစည်းစည်းလုံးလုံးသာပြန်လည်ပြုပြင်မယ်ဆိုရင် စိမ်းလန်းစိုပြေတဲ့ သဘာဝတရားကြီးကိုပြန်လည်ရရှိမှာပါ ဖတ်ရှုပေးတဲ့လူတစ်ဉီးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်

image