မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၅၇)မိနစ်၊ (၁၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၉၃) မိုင်ခန့်ကွာဝေး သော မြန်မာ့ပင်လယ်ပြင် (ဖျာပုံမြို့၏ တောင်-အရှေ့တောင်ဘက် (၅၃) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၅.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၅) ဒီဂရီ၊ အနက် (၂၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
