3 w - Translate

ဘဝဆိုတာ ကိုယ်လုပ်ချင်တာတစ်ခု လုပ်ရဖို့အတွက်
မလုပ်ချင်တာတွေ အများကြီးကို လုပ်ပြီး စောင့်ရတာပါ ။
လူတော်တော်များများဟာ အချိန်တွေရင်း ဘဝတွေရင်းပြီး
ဖြစ်ချင်တာလေးတစ်ခု ဖြစ်လာဖို့ စောင့်ရပါတယ် ။
ဖြစ်ချင်တာတစ်ခု ဖြစ်လာဖို့ အခု လုပ်သင့်တာတွေ အများကြီးကို လုပ်ပြီး စောင့်နိုင်ရတယ် ။ အဲလိုစောင့်နိုင်တာ အဲဒါရင့်ကျက်မှုပါ ။ အဲဒါ ပညာပါ ။
ကျေနပ်စရာတစ်ခု မတွေ့တိုင်း မကျေနပ်စရာကို ရအောင်ရှာကြည့်တာ လူ့သဘာဝပါ ။ အကြောင်းမသိရင်တော့ အဲဒါ ငါ့စိတ်ပဲ ငါအစစ်ပဲလို့ ထင်လိမ့်မယ် ။
အကြောင်းသိထားရင်တော့ အသာလေးထိန်းထားပြီး
သူ့ Energy ကို ကောင်းတဲ့ဘက် ရောက်လာအောင်
လုပ်လို့ရပါတယ် ။ သတိနဲ့ သိနေရင် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ စိတ်က ကိုယ့်ကို လွှမ်းမိုးတာ မခံရတော့ဘူး ။
စိတ်အေးတဲ့အခါ သတိလေးနဲ့ ကိုယ့်ကိုယ်ကိုယ် စကားပြောပါ ။ ကိုယ့်ကိုယ်ကိုယ် စိတ်အေးလက်အေး နားလည်အောင် ရှင်းပြတာနော် ။
Self-talk လုပ်တတ်ဖို့ အင်မတန် အရေးကြီးတယ် ။
ကြာရင် စိတ်က လူကြီး ဆန်လာတယ် ။ ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာ တစ်ထပ်တည်းကျသွားပြီဆိုရင် အဲဒီလူမှာ စိတ်ဓာတ်အင်အားတွေ အများကြီး တိုးလာပါလိမ့်မယ် ။
ဉာဏ်ပညာလည်း ကြီးလာလိမ့်မယ် ။ ကြည်လင်အေးချမ်းတဲ့သူတစ်ယောက်လည်း ဖြစ်လာပါလိမ့်မယ် ။ ပြဿနာဆိုတာ ဘဝနဲ့အတူတူ တွဲပါလာပြီးသားပါနော် ။ ဘဝရှိရင် ပြဿနာ ရှိတာပါပဲ ။ ရှောင်လွှဲချင်လို့ မရပါဘူး ။
ဘဝနဲ့ အတူရှိနေတဲ့ မလွှဲသာမရှောင်သာ ပြဿနာတွေ
စိတ်ဆင်းရဲမှုတွေအပေါ် ဘယ်လိုသဘောထားရမလဲ ဘယ်လိုအမြင်နဲ့ ကြည့်ရမလဲ ။ အဲဒါ အရေးကြီးပါတယ် ။
ကြုံတွေ့ရတဲ့ လောကဓံတွေ အခက်အခဲဒုက္ခကြောင့်
ကိုယ်ဟာ ပိုပြီးတော့ သဘောထားမှန်အောင်
ထားတတ်တဲ့သူ ဖြစ်လာရမယ် ။ စိတ်ထား ပိုကောင်းတဲ့သူ ဖြစ်လာရမယ် ။
ကိုယ့်ပြဿနာတွေ ကိုယ့်အခက်အခဲတွေကို ဖြေရှင်းရင်း
ကိုယ်ဟာ အရင်ထက် ပိုပြီး ဉာဏ်ရင့်သန်လာတဲ့သူ ဖြစ်ရမယ် ။
ဘဝမှာ အခက်အခဲတွေ ပြဿနာတွေရှိလာရင် ဒီအခက်အခဲတွေ ဒီပြဿနာတွေကို ရင်ဆိုင်ရင်း ဖြေရှင်းရင်းနဲ့ ကိုယ်ဟာ ပိုစဉ်းစားတဲ့သူ ပိုတွေးခေါ်မြော်မြင်တဲ့သူ ပိုစိတ်ထားမြင့်တဲ့သူ ဖြစ်လို့ရပါတယ် ။
#ထက်ထက်ထွန်း (Waterfall)
#ဘဝထဲကအမေးဘဝထဲကအဖြေ

image