ဒေါ်လာ ၂.၅သန်း ( မြန်မာငွေ သိန်းပေါင်း ၁သိန်းကျော် ) တန်ကြေးရှိတဲ့ Bugatti Veyron ကားဖြစ်ပါတယ် ။
၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိထုတ်လုပ်ခဲ့ပြီး
ကမ္ဘာပေါ်မှာ အစီး ၄၅၀ သာရှိပါတယ် ။
W16 အင်ဂျင်တပ်ဆင်ထားပြီး၊ အင်ဂျင်ဟာ 1,001 မြင်းကောင်ရေ (သို့မဟုတ် နောက်ပိုင်းမော်
ဒယ်များတွင် 1,200 မြင်းကောင်ရေ) အားအထိထုတ်ပေးနိုင်တဲ့ အင်ဂျင်တွေတပ်ဆင် ပါတယ် ။
အမြန်ဆုံး Speed ဟာ 407 km/h (253 mph) ထိ ရောက်ရှိနိုင်ပြီး၊ 0-100 km/h (0-62 mph) ကို 2.5 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ် ။
ဒီကားတွေရဲ့ တာယာတစ်လုံးတန်ဖိုးဟာ ဒေါ်လာတစ်သောင်းကျော်တန်ပြီး တာယာတစ်ကြိမ် ၄ လုံးစလုံးလဲမယ်ဆိုရင် ဒေါ်လာ ၄၂၀၀၀ ( မြန်မာငွေ သိန်း ၂၀၀၀ ဝန်းကျင် ) ကျသင့်မှာဖြစ်ပါတယ် ။
