23 w - Translate

Apple က ညစ်ညမ်းဓါတ်ပုံတွေ ဖန်တီးနိုင်တဲ့ Generative AI App တွေကို App Store ကနေ ဖယ်ရှား

Generative AI ဟာ ဒီနှစ်ပိုင်းအတွင်း အစွမ်းထက်လာပြီး မသမာသူတွေက အဲဒီ နည်းပညာနဲ့ အကျိုးအမြတ်ရှာဖို့ ကြိုးစားနေကြပါတယ်။ အခုတော့ အဲဒီ ပြဿနာဟာ Apple App Store ကို ရောက်လာပါပြီ။

Apple က အမျိုးသမီးတွေရဲ့ အဝတ်အစားတွေကို အခမဲ့ ချွတ်ပေးမယ်လို့ အင်စတာဂရမ်နဲ့ ညစ်ညမ်း ဝက်ဘ်ဆိုက်တွေမှာကြော်ငြာနေတဲ့ App ၃ ခုကို App Store ကနေ ဖယ်ရှားလိုက်ပါတယ်။

အဲဒီ App တွေမှာ Generative AI ကို အသုံးပြုထားပြီး ဓါတ်ပုံထဲက လူတွေရဲ့ အဝတ်အစားတွေကို ချွတ်ပေးကြတာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ တော်တော်ကြီးမားပြီး လူတွေအတွက် အန္တရာယ်ရှိပါတယ်။ အဲဒီ App တွေဟာ ၂၀၂၂ ခုနှစ်ကတည်းက App Store မှာ ရှိနေတာက အံ့အားသင့်စရာကောင်းပါတယ်။

Apple ဟာ App Store မှာ အဲဒီလို App တွေ ရောက်လာတာကို မတားဆီးနိုင်သေးတာကို တွေ့ရပါတယ်။ ဒါပေမယ့် Apple ဟာ လုံခြုံရေးပိုင်းကို အလေးထားတဲ့ ကုမ္ပဏီ ဖြစ်တဲ့အတွက် အဲဒီ ပြဿနာကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။

Ref : gizmochina
Credit to Digital Times

image