23 w - Translate

LDRS ဆိုတာ ထင်ထားတာထက်တောင် ခက်ခဲသေးတယ်။ နားမလည်တုန်းကတော့ နေ့တိုင်းမတွေ့ရတော့ နေ့တိုင်းလျှောက်လည်စရာမလိုဘူး နေ့တိုင်းကြီးအချိန်ပေးစရာမလိုဘူး ညဆိုခဏတဖြုတ်ဖုန်းပြော အေးဆေးပဲဘာညာပေါ့။ တကယ်လည်း ချစ်ရပါပြီတဲ့ တစ်ခုခုဆိုမတွေ့ရမမြင်ရနဲ့ ကိုယ့်ထမင်းကိုယ်စားပြီးသူများသားသမီး ကိုယ့်ရင်နင့်သည်းခြာလေးကိုစိတ်မချတွေဖြစ်ပြီး တိုင်ပတ်တော့တာပဲ။

အဆိုးဆုံးကတော့ အကြောင်းအမျိုးမျိုးကြောင့်တစ်ယောက်နဲ့တစ်ယောက် တွေ့မယ့်ရက်ကအဆင်မပြေဖြစ်ပြီး အချိန်ဘယ်လောက်ဖြစ်ဖြစ်ကြာသွားတတ်တာပဲ။ မတွေ့ရမမြင်ရ အနားမှာမရှိရနဲ့ အမှတ်တရတွေဆိုတာအပြင်မှာထက် messenger နဲ့ ph ပြောထားတဲ့ recorded တွေထဲမှာပိုများတယ်။ တစ်ခါတစ်လေ စိတ်ညစ်စရာတွေရှိလို့ သူ့ရှေ့မှာအဆင်မပြေသမျှပြောပြီးရင်ဖွင့်လိုက်ချင်လည်းမရဘူး။ ကိုယ်ဘယ်လောက်အရေးကြီးနေနေ ​သူအားတာမအားတာကရှိသေးတယ်။ အဆင်မပြေဖြစ်ဖို့ဆိုတာအရမ်းလွယ်တယ် ထစ်ခနဲရှိရန်ဖြစ်ဖို့ဆိုတာလည်းလွယ်လွန်းတယ်။ ဘယ်သူနဲ့ရှိနေလဲ ဘာလဲ ဘယ်သွားမှာလဲ ဘဟ်သူပါမှာလဲဆိုတာတွေက ပုံမှန်ထက်ပိုပြီးဂရုစိုက်ရစိတ်ပူရတယ်။ တစ်ခါတစ်လေ သူ့ဖက်ကအလုပ်ကိစ္စတွေနဲ့တိုင်ပတ်နေပြီး ကိုယ့်ဆီအချိန်မှန်မဆက်သွယ်လာနိုင်တဲ့အခါမျိုး မိသားစုကိစ္စလေးတွေနဲ့ ကိုယ့်ဆီအချိန်မပေးနိုင်တာမျိုးတွေ ကိုယ်ကမသိရပဲပြဿနာရှာမိပြီးမှ စိတ်မကောင်းဖြစ်ရတာလည်းအခါခါပဲ။

တစ်ခါတစ်လေ ကိုယ့်ဘာသာလျှောက်တွေးပြီးဆိုက်ကိုဖောက်လာတာမျိုးဖြစ်လာတိုင်း သူမဟုတ်တာမလုပ်ဘူးဆိုတာသိသိကြီးနဲ့လည်း မယုံကြည်တာလိုလို သံသယများတာလိုလိုနဲ့ ဘယ်ကိစ္စမှအကောင်းမမြင်ပဲ အကြီးအကျယ်ပြဿနာတက်ရတာလည်းခဏခဏဖြစ်တယ်။ ပြီးရင် နာရီ၀က်တစ်နာရီလောက်ကြာတော့ မနေတတ်တော့ဘူး နှစ်ယောက်လုံးပြန်ဆက်သွယ်ပြန်တောင်းပန်ပြီးပြေလည်သွားကြတာပဲ။ အနည်းဆုံး နှစ်ပတ်တစ်ခါလောက်တော့ ပုံမှန်သတ်ကြမှပဲ ပြေလည်ရာပြေလည်ကြောင်းတွေ့တယ် မဟုတ်ရင် ​စကားနည်းနည်းပြောလည်း အဆင်မပြေ ထစ်ခနဲရှိစိတ်မရှည်နဲ့ ကတောက်ကဆခဏခဏဖြစ်ပြီး နောက်ဆုံးရန်ဖြစ်လိုက်မှနေလို့ထိုင်လို့ကောင်းသွားတယ်။

ဒါပေမယ့် နှစ်ဖက်လုံးကမပြတ်သွားဖို့တည်ဆောက်နေသ၍ အဆင်ပြေပါတယ်။ ပင်ပန်းတဲ့အခါဖုန်းပြောတာဖြစ်ဖြစ် messenger မှာဖြစ်ဖြစ်ပြောပြီး အချိန်ယူလိုက်ရင် နှစ်ဖက်လုံးအဆင်ပြေသွားကြတာပဲ။ အနေနီးမှ သံယောဇဥ်ပိုတယ်ဘာညာဆိုတာ ဟုတ်ကောင်းဟုတ်မယ် ဒါပေမယ့် ချစ်ခြင်းမေတ္တာသာတကယ်စစ်ရင် အနားမှာမရှိရလည်းအချစ်မလျော့ပါဘူး။ တကယ်ချစ်ကြပြီဆိုရင် မျက်ကွယ်ရာမှာပိုပြီးသစ္စာရှိမယ် ပိုပြီးလိမ်မာမယ် ပိုပြီးယုံကြည်အောင်နေမယ် ဒါတွေကမှာနေစရာမလိုတဲ့ တစ်ယောက်နဲ့တစ်ယောက်ပေးနိုင်တဲ့မေတ္တာတွေပါပဲ။ ဒီလိုနဲ့အတူရှိလာတာ နှစ်တွေလည်းမနည်းတော့ဘူး။ ကိုယ်ရောသူရော အတူရှိရမယ့်ရက်အတူရှိနိုင်မယ့်နေ့တွေအတွက်ပန်းတိုင်ထားပြီးတွဲနေကြတော့ ရည်ရွယ်ချက်ချင်းတူတာမို့ ခက်ခဲပေမယ့်လက်မြဲပါတယ်

image