Eda Min shared a post  
23 w

23 w

သည်းခံစိတ်မွေးရတာကလည်း အခက်သားပဲ ။

သည်းခံသည်းခံလို့ သူများကိုသာ နားချလို့ကောင်းပေမယ့် တချို့ကိစ္စတွေက သည်းခံလိုက်တဲ့အခါ ပိုပိုပြီး ရောင့်တက်လာတာမျိုးတွေက ပိုများတယ် ။

တချို့အရာလေးတွေက ကျော်သွားလို့ရတဲ့ ကိစ္စဆိုပေမယ့် ignore လုပ်လိုက်မိလိုက်ရင် အဲ့ဒီအရာက ရှေ့ကိုခဏခဏပြန်လည်ပြီး ရောက်လာဦးမှာဆိုတော့ ပြတ်သားစွာ ရှင်းလင်းဖို့ကလည်း လိုပြန်တယ် ။မဟုတ်ရင် ရှေ့မရောက်တော့ပဲ သူကလာလာပိတ်ရပ်နေသလိုမျိုးပေါ့ ။

သည်းခံရမယ့်အရာတွေကို သည်းခံ။
တုန့်ပြန်ရမယ့်အရာတွေကို စိတ်အေးအေးနဲ့ တုန့်ပြန် ။
ကျော်လိုက်ရမယ့်အရာတွေကို ခြေလှမ်းကျယ်ကျယ်နဲ့ သူလိုက်မမှီနိုင်လောက်အောင် ကျော်သွားဖို့တော့ လုပ်ကြည့်ရသေးတာပေါ့ ။

ကိုယ်လုပ်လိုက်လို့ သူများခလုတ်တိုက် လဲကျသွားမလားဟဲ့ဆိုပြီး သူ့ရှေ့မှာလာလာလှဲလျောင်း အိပ်ချလိုက်တိုင်း ထင်ထားသလိုမျိုး သူကမတိုက်မိပဲ ကိုယ့်ကို နင်းချသွားရင် ကိုယ်ပဲခံရမှာမို့ ...

သူများကို ဒုက္ခပေးမယ် နာကျင်အောင်လုပ်မယ်ဆိုလည်း ဆင်ခြင်တုံတရားကရှိဖို့လိုသေးတယ် ။ အဓိကကတော့ သူ့ဘက်ကိုယ့်ဘက်ကြည့်တတ်တဲ့ စာနာစိတ်ပဲ ။ ကိုယ်နာတတ်ရင် သူများအသားကိုလည်း သွားမဆိတ်နဲ့ ။

—— မာရင်ရင်

image