23 w - Translate

ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ တစ်ကွင်းလုံးအနီရောင်ရဲရဲတောက်ဖြစ်အောင် ဖန်တီးမယ့် ဘိုင်ယန်မြူးနစ်အသင်း

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ယနေ့ည ကစားမည့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်တွင် တစ်ကွင်းလုံး အနီရောင် အရောင်အသွေးများ လွှမ်းခြုံပြီး ရဲရဲတောက်ဖြစ်စေမည့်အစီအစဉ်တစ်ရပ်ကို ဖန်တီးနေကြောင်း သိရသည်။ဘိုင်ယန်မြူးနစ်အသင်းက ၎င်းတို့၏ အိမ်ကွင်းဖြစ်သည့် Allianz Arena ကွင်းအတွင်း အိမ်ကွင်းဝတ်စုံအရောင်အသွေးအတိုင်း အနီရောင်များလွှမ်းမိုးနေစေရန် ကွင်းထဲသို့လာရောက်ကြည့်ရှုမည့် ဘိုင်ယန်မြူးနစ်ပရိသတ်များကို အနီရောင် ဝတ်စုံများ ဝတ်ဆင်စေရန် တောင်းဆိုမေတ္တာရပ်ခံထားကြောင်း သိရသည်။ယခုရာသီတွင် ဖလားလက်မဲ့မဖြစ်စေရန် ချန်ပီယံလိဂ်ဖလားတစ်လုံးကိုသာ အရယူရန်ကြိုးစားရမည့် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် အိမ်ကွင်းပထမအကျော့ပွဲစဉ်တွင် ရလဒ်ကောင်းရရှိရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။ဘိုင်ယန်မြူးနစ်အသင်းသည် ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်အိမ်ကွင်းတွေ့ဆုံမှု (၃)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး ယင်း(၃)ကြိမ်စလုံး ပြိုင်ပွဲမှထွက်ခဲ့ရရာ ယခုတစ်ကြိမ်တွင် နိုင်ပွဲရရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်

image