4 w - Translate

နယ်သာလန်ဘက်ကို တဂိုးသွင်းနိုင်ခဲ့ပြီးနောက်မှာ ယာမယ်လ်က စံချိန်သစ်တခုတင်ခဲ့ပြန်ပါပြီ။ နေးရှင်းလိဂ်ရှုံးထွက်အဆင့်တွေမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီး စပိန်ကြယ်ပွင့်အတွက် နောက်ထပ်ဖလားတလုံးပါ မျှော်လင့်နိုင်လာပါပြီ။
ထုံးစံအတိုင်း ညာခြမ်းကနေ အတွင်းထဲထိ တယောက်တည်းဆွဲဝင်ပြေးပြီးတော့ ကန်သွင်းယူခဲ့တာပါ။ ဘောလုံးနဲ့အတူ ယာမယ်လ်ပြေးလာရင် တားဆီးဖို့ဆိုတာ တကယ်မလွယ်တော့ပါဘူး။ နှစ်ယောက်၊ သုံးယောက်လောက်က သူ့အတွက် သာသာယာယာဖြစ်နေပြီ။ အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ကို လုပ်ပြနေတာပါ။
ရော်ဘင်တုန်းကလိုဖြစ်လာမယ်နဲ့တူတယ်။ ရော်ဘင်ဆိုလည်း ဆွဲပြေးလာမယ်၊ အတွင်းထဲချိုးဝင်မယ်၊ ဧရိယာထိပ်က၊ ဒါမှမဟုတ် ဧရိယာထဲဆွဲဝင်ပြီး ကန်သွင်းမယ်ဆိုတာ အားလုံးသိပါတယ်။ ဒါပေမယ့် အဲဒါကိုပဲ မထိန်းနိုင်ခဲ့ဘူး။ ယာမယ်လည်း အဲလိုဖြစ်လာနေပြီ။

image