4 w - Translate

Tesla ထက် ဈေးထက်ဝက်သက်သာတဲ့ EV သစ် BYD မိတ်ဆက်

တရုတ် EV giant ကြီးကတော့ Tesla ကို အလဲထိုးဖို့ ခြေလှမ်းသွက်သွက်လှမ်းလာပါတယ်။

BYD က တရုတ် EV ဈေးကွက်မှာ အရောင်းသွက်ဆုံး Tesla Model 3 ထက် ဈေးထက်ဝက်နီးပါး သက်သာပြီး Model 3 လုပ်ဆောင်ချက်မျိုးတွေ ပါတဲ့ EV ကားသစ်ကို မိတ်ဆက်လိုက်တာပါ။

ယွမ် ၁၁၉၈၀၀ (ဒေါ်လာ ၁၆၅၀၀ ကျော်တန်) Qin L က Model 3 လိုမျိုး BYD ရဲ့ God's Eye ယာဉ်မောင်းအကူနည်းပညာနဲ့ ဒီဂျစ်တယ်ပဲ့ထိန်း cockpit ပါပါတယ်။ Driving range အနေနဲ့ Model 3 က ၆၃၄ ကီလိုမီတာအထိ မောင်းနိုင်ပြီး Qin L ဆီဒင်ကားက ၅၄၅ ကီလိုမီတာအထိ မောင်းနှင်နိုင်မှာပါ။

Model 3 ရဲ့ ဈေးက ယွမ် ၂၃၅၅၀၀ က စပါတယ်။ BYD လိုပဲ ကွမ်ကျိုးအခြေစိုက် Xpeng ကလည်း Tesla ကို စိန်ခေါ်နိုင်မယ့် ယွမ် ၁၁၉၈၀၀ တန် Mona M03 ကို ကြေညာလိုက်ပါတယ်။ တရုတ်ဈေးကွက်မှာ Tesla ကားတွေ အရောင်းထိုင်းလာချိန် တရုတ် EV ကြီးတွေက ဈေးပိုသက်သာတဲ့ EV ကားသစ်တွေနဲ့ ဖိုက်လာတာပါ။

ပြီးခဲ့တဲ့လက တရုတ်ဈေးကွက်မှာ Tesla Model 3 နဲ့ Model Y SUV ရောသင်းအားက အစီးရေ ၃၀၆၈၈ စီးကို ကျဆင်းလာပါတယ်။ ဇန်နဝါရီလကနဲ့ စာရင် ရောင်းအား ၅၁.၅% မနှစ်ကနဲ့ စာရင် ၄၉.၂% ကျဆင်းသွားတာပါ။ ၂၀၂၀ တုန်းက တရုတ်မှာ ရောင်းသမျှ EV ကားတွေရဲ့ ၁၆% က Tesla ဖြစ်ခဲ့ပေမယ့် အခုတော့ အားလုံး ပြောင်းလဲလာပါတယ်။

အမေရိကန် ဘီလျံနာကြီး ဝါရင်ဘတ်ဖတ် minority shareholder အနေနဲ့ ရင်းနှီးမြှပ်နှံထားတဲ့ BYD ကတော့ ဖေဖော်ဝါရီလထဲ ကားအစီးရေ ၃၂၂၈၄၆ စီး ရောင်းချနိုင်ခဲ့ပြီး နှစ်အလိုက် ကားရောင်းအား ၁၆၄% ခုန်တက်ခဲ့တယ်လို့ ဆိုပါတယ်။

BYD ဟာ ပြီးခဲ့တဲ့အပတ်ကပဲ ၅ မိနစ် အားသွင်းရုံနဲ့ ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀ ခန့်) သွားနိုင်မယ့် လျှပ်စစ်ကားအားသွင်းနည်းပညာသစ်ကို မိတ်ဆက်ထားပါတယ်။

image