Part-2
" ရခိုင်နယ်နိမိတ် တစ်ရွေ့ရွေ့ ဆုံးရှုံးလာခြင်း " We Love Rakhine - Arakan #weloverakhine #welovearakan
======================
ယင်းအခြေအနေတွင် အိန္ဒိယနိုင်ငံကို အုပ်ချုပ်လျှက်ရှိနေသော အင်္ဂလိပ်နယ်ချဲ့ တို့က. စစ်မက်ပြုပြီး ခရစ် (၁၈၂၄) ခုနှစ်တွင် စစ်ပွဲဖြစ်ပွားကာ အင်္ဂလိပ်မြန်မာစစ်ပွဲတွင်အင်္ဂလိပ်တို့အနိုင်ရရှိခဲ့သည် ။ စစ်နိုင်သောအင်္ဂလိပ် တို့သည် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းယူကာ ရန္တပိုစာ ချုပ်အရ စစ်ပြေငြိမ်းခဲ့ကြသည်။ ထိုအချိန်မှ ရခိုင်တို့ သည် မြန်မာကျွန်သဘောက်ဘဝမှ လွတ်မြောက်ပြီး အင်္ဂ လိပ်ကျွန်သဘောက်ဘဝသို့ ဆင်းသက်ခဲ့ရသည်။
အင်္ဂလိပ်တို့က ရခိုင်ပြည်၏ နယ်နိမိတ်ကိစ္စကို ရန္တပိုစာ ချုပ်၌ ဤသို့ဖော်ပြခဲ့ကြသည်။
" နောက်တစ်ဖန် ပြည်ကြီးနှစ်ပြည် အပိုင်းအခြားကို ငြင်းခုန်ရန် အကြောင်းမရှိရအောင်အင်္ဂလိပ်မင်းသည် တိုက်၍ အောင်ခဲ့သော ရခိုင်၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲတည်းဟူ သော ရခိုင်ပြည်ကြီးကို အစဉ်ယူ၍ မြန်မာရှင်ဘုရင်က မစိုးမပိုင်ရ။ ရိုးမ ဖိုးခေါင်တောင်တန်း၊ မော်တင်စွန်း စေတီကြီးအထိစပ်ကြား အပိုင်းအခြားဖြစ်စေ၊နောက်မှ အပိုင်းအညခြား ငြင်းခုန်ရန်ရှိလျှင် အင်္ဂလိပ်မင်း မြန်မာမင်းက ခန့်ပေးသော သူတို့ထက် နယ်နိမိတ်အတိုင်း မှန်ကန်အောင် စီရင်ခန့်ပေးသူတို့လည်း အရာရှိမူးမတ်ကောင်း ဖြစ်စေရမည် "
ဤသို့လျှင် ရခိုင်ပြည်ကို အင်္ဂလိပ်တို့က သိမ်းယူခဲ့ပြီးနောက် ရခိုင်ပြည်ကို (၁) ပလက်ဝနယ် အပါအဝင် စစ်တွေခရိုင်၊ (၂) ကျောက်ဖြူခရိုင်၊ (၃) သံတွဲခရိုင်ဟူ၍ ခရိုင်သုံးခု ခွဲခြားကာ ဦးစွာအုပ်ချုပ်သည်။ ထိုစဉ် သံတွဲခရိုင်ထဲတွင် ပုသိမ်မော်တင်စွန်းရှိ မဟာစေတီကြီးအထိ နယ်နိမိတ်ပါဝင်ခဲ့သည်။ အေဒီ (၁၈၉၃) ခုနှစ်တွင် အင်္ဂ လိပ်တို့က သံတွဲခရိုင်ကို ကျောက်ချွန်မှ ပိုင်းဖြတ်ပြီး ကျောက်ချွန်ချောင်းမှ မော်တင်စွန်းအထိသော ရခိုင်ဒေ သကို ပုသိမ်ခရိုင်အဖြစ်သို့ ပြောင်းထည့်ပေးလိုက်သည်။ ထိုအချိန်မှစ၍ ရခိုင်ပြည်၏ နယ်နိမိတ်သည် နတ်မြစ်ဝမှ ဂွချောင်းမြစ်တောင်ဖက် ကျောက်ချွန်ချောင်းအထိသာ ရှိခဲ့သည်။
ရခိုင်နယ်နိမိတ် ဆုံးရှုံးလာရခြင်း နောက်တစ်ခုမှာ ပလက်ဝမြို့နယ်ကိစ္စဖြစ်သည်။ပလက်ဝနယ်မြေသည် ရခိုင်မင်းအဆက်ဆက် အုပ်စိုးခဲ့ရာ အရပ်ဖြစ်သည်။ အင်္ဂလိပ်တို့က ရခိုင်ကို သိမ်းယူပြီးနောက် ပလက်ဝသည် စစ်တွေခရိုင်ထဲ၌ ရှိနေခဲ့သည်။ သို့ရာတွင် ခရစ် (၁၈၆၅) ခုနှစ်တွင် အင်္ဂလိပ်တို့ အုပ်ချုပ်ရေး လွယ်ကူစေရန်အကြောင်း ပြလျှက် ရခိုင်တောင်ကုန်းဒေသကိုစစ်တွေခရိုင်ထဲမှ သီး ခြားခွဲထုတ်လိုက်ပြီး ဝန်ထောက်တစ်ဦးအား အုပ်ချုပ်စေ သည်။
ခရစ်နှစ် (၁၉၃၅) ခု မြန်မာနိုင်ငံ ဥပဒေအရ ပလက်ဝဒေ သကို တောင်တန်းအုပ်ချုပ်ရေး၌ ထည့်သွင်းထားသည်။ သို့သော် တရားအမှုကြီးများ စီရင်ခွင့်ကို စစ်တွေမြို့ စက်ရှင်တရားသူကြီးထံ၌ အပ်နှံထားသည်။
ခရစ် (၁၉၄၈) ခု ချင်းဝိသေသတိုင်း အက်ဥပဒေ နှင့် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ. ရခိုင်တောင်တန်းဒေသများကို ချင်းဝိသေသတိုင်းအထဲ၌ ထည့်သွင်းလိုက်သည့်အတွက် ပလက်ဝနယ်လည်း ရခိုင်ပြည်နယ်နိမိတ်ထဲမှ ပျောက်ကွယ်သွားရခြင်းဖြစ်သည်။
အချုပ်အားဖြင့် ရခိုင်လူမျိုးတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်တိုင်းကိုယ့်ပြည် နှင့် နေလာခဲ့သူများဖြစ်ကြသည်။ နယ်မြေရှိသည်။ နယ်နိမိတ်ရှိသည်။ ဘာသာစ ကား သီးခြားရှိသည်။ ယဉ်ကျေးမှုရှိသည်။ စာပေရှိသည်
* ပထမအကြိမ် ရခိုင်အနောက်ဖက်ဘင်္ဂါ(၁၂)ရပ် ဆုံးရှုံး ရခြင်းသည် ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာမင်းလက်ထက်မှ စခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
* ဒုတိယ ပုသိမ်မော်တင်စွန်း ရေမြေဆုံးရှုံးရခြင်းသည် အင်္ဂလိပ်လက်ထက်က ဆောင်ရွက်ချက်ဖြစ်သည်။
* တတိယ ပလက်ဝနယ်မြေဆုံးဆုံးရခြင်းသည် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဆုံးရှုံးရခြင်းဖြစ်သည်။
ရခိုင်ပြည်၏ နယ်နိမိတ်သည် ရှေးယခင်ကဲ့သို့ မဟုတ်ပဲ တရွေ့ရွေ့ဆုံးရှုံးလျှက်ရှိနေသည်ကိုသမိုင်းအမြင်တစ်ရပ် အနေဖြင့် တင်ပြရခြင်း ဖြစ်ပေသည်။
#မင်းပြား_မင်းသိန်းဇံ
#crd
#rakhineculture
