4 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အေဂျင်စီတစ်ခုကိုတစ်လလျှင် ပြည်ပလုပ်သားစေလွှတ်မှု တောင်ကိုရီးယားသို့ ၁ဝ ဦးနှင့် စင်ကာပူသို့ ငါးဦး ခွင့်ပြု
ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် အေဂျင်စီတစ်ခုစီအား တစ်လလျှင် တောင်ကိုရီးယားနိုင်ငံသို့ ၁ဝ ဦး နှင့်စင်ကာပူနိုင်ငံသို့ငါးဦးသာ စေလွှတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
ယခင်ကအဆိုပါနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမားခေါ်စာ (Demand Letter)ပါ အလုပ်သမားဦးရေအတိုင်း အကန့်အသတ်မရှိတင်ပြစေလွှတ်နိုင်ခဲ့သော်လည်း ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းကြောင့်အေဂျင်စီတစ်ခုလျှင်တစ်လ အလုပ်သမား တောင်ကိုရီးယားသို့ ၁ဝ ဦးနှင့် စင်ကာပူသို့ ငါးဦးသာ စေလွှတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မတ် ၂၂ ရက်က ထိုင်းနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြရမည့် လူဦးရေကို ၅ဝ ၊ မတ် ၂၃ ရက်က ဂျပန်နိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြရမည့် လူဦးရေကို ၁၅ ဦး၊ စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြရမည့် လူဦးရေကို ငါးဦးနှင့် တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်ခေါ်စာ တင်ပြရမည့်လူဦးရေကို ၁ဝ ဦးသာစေလွှတ်ခွင့်ပြုတော့မည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၃ဝ ရက်မတိုင်မီ နိုင်ငံအလိုက် အလုပ်ခေါ်စာတင်ပြထားသည့် အေဂျင်စီများအနေဖြင့် လက်ရှိသတ်မှတ်လိုက်သည့် လူဦးရေအတိုင်း မတ် ၂၅ ရက်တွင် ပြင်ဆင်တင်ပြရမည်ဖြစ်ပြီး အလုပ်ခေါ်စာအသစ်များအား မေ ၂ ရက်တွင် ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာများအား အလုပ်သမားဝန်ကြီးဌာနသို့လူကိုယ်တိုင် လာရောက်တင်ပြရန်မလိုတော့ဘဲ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အီးမေးလ်မှ တစ်ဆင့်ပေးပို့တင်ပြရမည်ဖြစ်ကြောင်းသိရသည်။

image