ဒီစာအုပ်ဟာ ပညာရပ်နယ်ပယ်မှာ သင်ယူလေ့လာဖို့
အသုံးပြုတဲ့ စာအုပ်ဖြစ်သလို ဗုဒ္ဓစိတ်ပညာကို လေ့လာကြတဲ့ တက္ကသိုလ်အသီးသီးရဲ့ စာသင်ခန်းတွေမှာ မဖြစ်မနေအသုံးပြုကြရတဲ့ စာအုပ်ဖြစ်ပါတယ် ။
ဒီစာအုပ်ဟာ မြန်မာစာဖတ်ပရိသတ်တွေ ၊ မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်သာမက မြန်မာနိုင်ငံက ဗုဒ္ဓစာပေကို လေ့လာကြတဲ့ ရဟန်းရှင်လူပြည်သူအပေါင်းအတွက် အကျိုးများမှာ မလွဲမသွေဖြစ်ပါတယ် ။
စိတ်ဝေဒနာသည်တွေကို ဗုဒ္ဓရဲ့ဒေသနာအတိုင်း ကုသပေးရတဲ့ နည်းလမ်းကို ဗုဒ္ဓနည်းကျစိတ်ကုထုံးလို့ ခေါ်ပါတယ် ။
ဒီစာအုပ်ဟာ ၄၅ နှစ်နီးပါး ဒီစာအုပ်ကို ပြုစုသူကိုယ်တိုင် စိတ်ဝေဒနာသည်တွေကို စစ်ဆေးစမ်းသပ်ပြီး လက်တွေ့ကုသအောင်မြင်ခဲ့တဲ့ မှတ်တမ်းကို ရေးထားတဲ့ ကျမ်းဖြစ်ပါတယ် ။
စိတ်ဝေဒနာရှင်ဟာ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ ကွန်မြူနစ်ပဲ ခံယူယူ၊ ဘာသာမဲ့ပဲ ခံယူယူ ဗုဒ္ဓနည်းကျစိတ်ကုထုံးနဲ့ ကုသနိုင်ပါတယ် ။ ဘာသာကူးပြောင်းပေးစရာမလိုဘဲ ဒီကုသနည်းကို အသုံးပြုနိုင်ပါတယ် ။
ဒီစာအုပ်မှာ စိတ်ရောဂါဖြစ်တာ ကိလေသာကြောင့်ဆိုတာကို အခိုင်အမာ ဖော်ထုတ်ထားသလို ကုသနည်းအသေးစိတ်နဲ့ လိုက်နာဆောင်ရွက်ရမဲ့ လုပ်ငန်းစဥ်အဆင်ဆင့်တွေအပြင် အချို့ဝေဒနာရှင်တွေရဲ့ ဖြစ်ရပ်မှတ်တမ်း ၁၀ ခုကို ထည့်သွင်းဖော်ပြထားပါတယ် ။
ဒီစာအုပ်ဟာ ဖတ်ရှုသူတိုင်းကို မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းကျောင်းကွပ်ကဲနိုင်တဲ့ နည်းလမ်းကို သိရှိနိုင်ပြီး မိမိကိုယ်တိုင် လိုက်ပါလုပ်ဆောင်နိုင်တဲ့ လုပ်ငန်းစဥ်တွေကို
လက်ဆင့်ကမ်းဖော်ပြထားတဲ့ တန်ဖိုးရှိတဲ့ စိတ်ကုထုံးနည်းစနစ်တွေကို လေ့လာသိရှိနိုင်ပါတယ် ။
#ဗုဒ္ဓနည်းကျစိတ်ကုထုံး #အာကာမိုးသူ
